အနာဂတ်နဲ့ပတ်သက်ပြီး မလိုမုန်းထားတဲ့ ကောလာဟလတွေကို မဖြန့်ဝေဖို့ မန်ယူနိုက်တက် တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်က သတိပေးသွားပါတယ်။
ပြီးခဲ့တဲ့တပတ်ကပွဲစဉ်မှာ ရက်ရှ်ဖို့ဒ်က မွေးနေ့အထိမ်းအမှတ်အနေနဲ့ ညဘက် အပြင်ထွက်ပြီး ပျော်ပါးခဲ့တဲ့အပေါ် နည်းပြတန်ဟတ်ဂ်က ဝေဖန်ခဲ့ပြီး မန်စီးတီးနဲ့ပွဲ ရှုံးအပြီးမှာ လက်ခံနိုင်စရာ မဟုတ်ကြောင်း ပြောခဲ့တာပါ။
အဲဒီပြောစကားနဲ့ ပတ်သက်ပြီး အမေရိကန်အခြေစိုက် မန်ယူအသင်းပရိသတ် ချန်နယ်တခုက ရက်ရှ်ဖို့ဒ်ရဲ့ အနာဂတ် သံသယဖြစ်စရာ ရှိနေပြီလားဆိုပြီး တင်ဆက်ခဲ့တာပါ။
အဲဒီအပေါ်မှာ ရက်ရှ်ဖို့ဒ်က ဒေါသထွက်ခဲ့ပြီး မလိုမုန်းထားတဲ့ ကောလာဟလသတင်းတွေကို မဖြန့်ဝေဖို့ တွစ်တာကနေတဆင့် သတိပေးခဲ့တာပါ။
ရက်ရှ်ဖို့ဒ်ဟာ နယူးကာဆယ်နဲ့ လိဂ်ဖလားပွဲစဉ်မှာ ၂၅ မိနစ်သာ ကစားခဲ့ရပြီး ဖူဟမ်ကို အနိုင်ရတဲ့ပွဲမှာလည်း လူစာရင်းမှာ ပါဝင်ခဲ့ခြင်းမရှိခဲ့တာ ဖြစ်ပါတယ်။
Photo-Reuters