မန်ယူနိုက်တက်အသင်းရဲ့ အဓိကရှယ်ယာရှင်ဖြစ်လာမယ့် ဗြိတိန်ဘီလျံနာသူဌေးကြီး ဆာဂျင်ရစ်ကလစ်ဟာ အသင်းအတွက် ယူရိုသန်း ၃၀၀ အထိ ရင်းနှီးမြှပ်နှံသွားဖို့ ပြင်ဆင်နေပါတယ်။
ဆာဂျင်ရစ်ကလစ်ဟာ အသင်းရဲ့ အစုရှယ်ယာ ၂၅ ရာခိုင်နှုန်းကို မကြာခင်မှာဝယ်ယူခွင့်ရတော့မှာပါ။ မန်ယူအသင်းရဲ့ရှယ်ယာ အများစုကို ပိုင်ရှင်ဂလေဇာမိသားစုက ဆက်လက်ပိုင်ဆိုင်ထားတဲ့တိုင် စီမံခန့်ခွဲမှုတွေကိုတော့ ဆာဂျင်ရစ်ကလစ်က ပြောင်းလဲ တာဝန်ယူသွားဖို့ မျှော်လင့်ထားပါတယ်။
မန်ယူအသင်းကို ပြုပြင်ပြောင်းလဲဖို့ လုပ်ဆောင်မယ့် ဆာဂျင်ရစ်ကလစ်ရဲ့စီမံချက်တွေထဲမှာ အိုးထရတ်ဖို့ဒ်ကွင်းကို ပရိသတ် ၇၆၀၀၀ ကနေ ၉၀၀၀၀ အထိ တိုးချဲ့သွားမယ့် အစီအစဉ်အပါအဝင် လေ့ကျင့်ရေးကွင်းကိုလည်း အဆင့်မြှင်တင်သွားမယ်လို့ သိရပါတယ်။
Photo-Reuters