နယူးကာဆယ်ကို ရှုံးနိမ့်ခဲ့တဲ့ ကရာဘောင်ဖလားပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တဲ့ ကွင်းလယ်လူ ကတ်စမီရိုဟာ အသင်းရဲ့ ပွဲစဉ်သုံးပွဲအထိ လွဲချော်ဖို့ရှိနေပါတယ်။
ဘရာဇီးကွင်းလယ်လူဟာ မန်စီးတီးကိုရှုံးခဲ့တဲ့ မန်ချက်စတာဒါဘီကို လွဲချော်ခဲ့ပြီး နယူးကာဆယ်နဲ့ပွဲမှာ အသင်းခေါင်းဆောင်အဖြစ်ပွဲထွက်ကစားခဲ့တာပါ။
ဒါပေမဲ့ ပထမပိုင်းမှာ ဒဏ်ရာရခဲ့လို့ ဒုတိယပိုင်းအစမှာပဲ လူစားလဲခဲ့ရတာပါ။ ကတ်စမီရိုဟာ ဖူဟမ်နဲ့ ကစားရမယ့် ပွဲစဉ်ကို လွဲချော်မှာဖြစ်ပြီး ဒဏ်ရာအခြေအနေကို စစ်ဆေးသွားရမှာဖြစ်တယ်လို့ နည်းပြတန်ဟတ်ဂ်က ပြောပါတယ်။
ကတ်စမီရို ဒဏ်ရာအခြေအနေဟာ အသင်းရဲ့ ပွဲစဉ်သုံးပွဲအထိ လွဲချော်နိုင်ပြီး နိုင်ငံတကာပွဲစဉ်တွေအပြီးမှ ပြန်ကစားနိုင်ဖို့ရှိကြောင်း မီဒီယာတွေက ဖော်ပြကြပါတယ်။
မန်ယူအသင်းဟာ ဖူဟမ်နဲ့ပွဲအပြီးမှာ ဂါလာတာစာရေး၊ လူတန်တောင်း အသင်းတွေနဲ့ ကစားသွားရ မှာဖြစ်ပါတယ်။
Photo-Reuters