မန်ယူနဲ့ ဖူဟမ်အသင်းတို့ကစားမယ့်ပွဲစဉ်မှာ အမျိုးသမီး ဒိုင်တစ်ဦးက ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပထမဆုံး အကြိမ် ပူးပေါင်းတာဝန်ယူသွားမှာဖြစ်ပါတယ်။
ဖူဟမ်အသင်းရဲ့ ခရာဗန်ကော့တေ့ချ်ကွင်းမှာကစားမယ့် ပွဲစဉ်မှာ စတုတ္ထဒိုင်လူကြီးတာဝန်ကို အသက် ၃၉ နှစ်ရှိ အမျိုးသမီးဒိုင် ရေဗက္ကာဝဲလ်က တာဝန်ယူသွား မှာပါ။
ဒါဟာ ပရီးမီးယားလိဂ်သမိုင်းတလျှောက် ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီးဒိုင်တစ်ဦးက ပူး ပေါင်း တာဝန်ယူခွင့်ရတာပါ။
ရေဗက္ကာဟာ အခုနှစ်ဇန်နဝါရီမှာ ကစားခဲ့တဲ့ ဘာမင်ဂမ်နဲ့ ပရက်စတန်အသင်းတို့ရဲ့ ချန်ပီယံရှစ်ပွဲစဉ်မှာ ကွင်းလယ်ဒိုင်အဖြစ် တာဝန်ယူခဲ့ပြီး ချန်ပီယံရှစ်ပွဲစဉ်ကို ပထမဆုံး တာဝန်ယူတဲ့ အမျိုးသမီးဒိုင်လူကြီး အဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။
အလားတူ EFL ရှုံးထွက်ဖလားပွဲစဉ်မှာလည်း ပထမဆုံးတာဝန်ယူတဲ့ အမျိုးသမီးဒိုင်အဖြစ် မှတ်တမ်းတင်ခဲ့ပါသေးတယ်။
Photo-Reuters