သြစတြေးလျနိုင်ငံ ကွင်းစလန်းပြည်နယ်မှာ နိုဝင်ဘာ ၁ ရက်က တောမီးတွေ ဆက်လောင်ကျွမ်းနေပါတယ်။
ပြည်နယ်ရဲ့ ဂရက်နိုက် ဘဲ့လ်ဒေသထဲမှာ မီးလောင်နေတဲ့ ရှုခင်းတွေပေါ်မှာ ရဟတ်ယာဉ်တွေနဲ့ မီးသတ်နေတာကို တွေ့ရပါတယ်။
တောမီးတွေက ထိန်းမနိုင်သိမ်းမရ လောင်ကျွမ်းနေလို့ နိုင်ငံတဝန်းက မီးသတ်သမားတွေနဲ့ အိမ်နီးချင်း နယူးဇီလန်က မီးသတ်သမားတွေကပါ မီးကို ရင်ဆိုင်ငြှိမ်းသတ်နေရပါတယ်။
ကွင်းစလန်းပြည်နယ်မှာ နေထိုင်သူတွေ သူတို့အိမ်တွေကနေ ဘေးလွတ်ရာကို ရွှေ့ပြောင်းဖို့ ဗုဒ္ဓဟူးနေ့မှာ အမိန့်ထုတ်ခဲ့ပါတယ်။
ဩစတြေးလျနိုင်ငံဟာ တောမီး၊ ဆိုင်ကလုန်းနဲ့ မိုးခေါင်တာလို ပြင်းထန်တဲ့ဖြစ်ရပ်တွေနဲ့ ဆက်နွှယ်တဲ့ အယ်လ်နီညို ရာသီဥတုဖြစ်စဉ် စတင်ပြီးတဲ့နောက် အန္တရာယ်မြင့်မားတဲ့ တောမီးရာသီနဲ့ ရင်ဆိုင်နေရပါတယ်။
Source/Photo-Reuters