မန်ယူကစားသမားတွေဟာ မျှော်လင့်ချက်ကင်းမဲ့နေတယ်လို့ အာဆင်နယ်နည်းပြဟောင်း အာဆင်ဝင်း ဂါးကသုံးသပ်သွားပါတယ်။
မန်ချက်စတာဒါဘီမှာ ၃ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်ကို အာဆင်ဝင်းဂါးက ကြည့်ရူခဲ့ပြီး ယူနိုက်တက်အသင်းသားတွေဟာ မျှော်လင့်ချက်ကင်းမဲ့နေကြတယ်လို့ beIN Sports ရုပ်သံမှာ သုံးသပ်ခဲ့တာပါ။
ဒါ့အပြင် ယုံကြည်မှု ပျောက်ဆုံးနေကြသလို အရည်အချင်းနဲ့ တိုက်ခိုက်လိုစိတ်တွေလည်း ပျောက်ဆုံးနေတာကြောင့် ခြေစွမ်းတိုးတက်လာမယ့် အခြေအနေ မမြင်သေးကြောင်း အာဆင်ဝင်းဂါးက ပြောပါတယ်။
မန်စီးတီးနဲ့ပွဲစဉ်မှာ မန်ယူအသင်းသားတွေက ကစားကွက်ကို စတင်တည်ဆောက်ရာမှာလည်း အားနည်းခဲ့ပြီး တိုက်စစ်ဆီပေးပို့လို့ရနိုင်တဲ့ အခြေအနေမှာ ဂိုးသမားဆီပဲ ပြန်ပေးနေကြတာ များတယ်လို့ အာဆင်ဝင်းဂါးက ဝေဖန်ပါတယ်။
ယုံကြည်မှုမရှိတာကြောင့် ကြောက်ရွံ့စိတ်တွေရှိနေပြီး ဘောလုံးကို လက်ခံရယူချင်တဲ့သူ မရှိ ကြောင်းလည်း မန်ယူအသင်းသားတွေအပေါ် အာဆင်ဝင်းဂါးက ဝေဖန်သုံးသပ်သွားခဲ့ပါတယ်။
Photo-Reuters