မန်ယူအသင်းရဲ့ ဘုတ်အဖွဲ့ဝင်တွေဟာ နည်းပြအဲရစ်တန်ဟတ်ဂ်ကို အပြည့်အဝဆက်လက်ထောက် ခံနေဆဲဖြစ်တယ်လို့ သိရပါတယ်။
မန်ယူအသင်းဟာ မန်ချက်စတာဒါဘီမှာ မန်စီးတီးကို ၃ဂိုး ဂိုးမရှိနဲ့ အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ပြီးနောက် ၁၉၈၆ ခုနှစ်နောက်ပိုင်းပထမဆုံးအကြိမ်အဖြစ် ၁၀ ပွဲ အပြီးမှာ ၅ ပွဲရှုံးနိမ့်ခဲ့တဲ့ မှတ်တမ်း ရရှိထားပါတယ်။
ပရိသတ်တွေရဲ့ဝေဖန်မှုတွေလည်းရှိနေပေမဲ့ ယူနိုက်တက်ဘုတ်အဖွဲ့ဝင်တွေဘက်ကတော့ နည်းပြ တန်ဟတ်ဂ်ကို အပြည့်အဝ ထောက်ခံအားပေးနေဆဲဖြစ်ပြီး အပြောင်းအလဲပြုလုပ်ဖို့အစီအစဉ် မရှိဘူးလို့သိရပါတယ်။
အသင်းရဲ့အမှုဆောင်အရာရှိချုပ်ဖြစ်သူ ရစ်ချက်အာနိုးလ်ဟာလည်း ယူနိုက်တက်အသင်းဟာ ကောင်းမွန်တဲ့ တိုးတက်မှုတွေရှိလာဖို့ လုပ်ဆောင်နေတယ်လို့ ယုံကြည်ထားကြောင်း သတင်းတွေမှာ ဖော်ပြကြပါတယ်။
မန်ယူပရိသတ်တွေကတော့ ရစ်ချက်အာနိုးလ်ဟာ အသင်းရဲ့ပွဲစဉ်တွေကို ကြည့်ပြီးမှပြောတာ ဟုတ်ရဲ့လားဆိုပြီး ဝေဖန်နေကြပါတယ်။
Photo-Reuters