ကိုလံဘီယာအထူးတပ်ဖွဲ့ဝင်တွေဟာ ပြန်ပေးဆွဲခံထားရတဲ့ လီဗာပူးကစားသမား ဒီယက်ဇ်ရဲ့ ဖခင်ကို ဗင်နီဇွဲလားနယ်စပ်က တောနက်ထဲအထိ ရှာဖွေခဲ့ကြပါတယ်။
လူးဝစ်ဒီယက်ဇ်ရဲ့ မိဘနှစ်ပါးဟာ တနင်္ဂနွေနေ့က ပြန်ပေးဆွဲခံခဲ့ရပြီး မိခင်ဖြစ်သူကတော့ ပြန်လည်လွတ်မြောက်ခဲ့ပေမဲ့ ဖခင်ဖြစ်သူကတော့ သေနတ်သမားရဲ့ ပြန်ပေးဆွဲတာခံခဲ့ရတာပါ။
သေနတ်သမားဟာ ဒီယက်ဇ်ရဲ့ ဖခင်ကို ကိုလံဘီယာနယ်စပ်ကနေ တဆင့် ဗင်နီဇွဲလားနိုင်ငံဘက်ကို မှောင်ခိုကူးပြီး သွားဖို့ရှိတယ်လို့ သတင်းရခဲ့တာပါ။
ဒါကြောင့် ကိုလံဘီယာအထူးတပ်ဖွဲ့ဝင် ၁၃၀ လောက်ဟာ နယ်စပ်မှာရှိတဲ့ တောင်ထူထပ်တဲ့ တောထဲအထိ ရှာဖွေခဲ့ကြသလို ရဟတ်ယာဉ်သုံးစင်းနဲ့ လေကြောင်းတပ်ဖွဲ့က လေယာဉ် ငယ်တွေနဲ့ပါ ပူးပေါင်းရှာဖွေခဲ့ကြတာပါ။
လက်ရှိအချိန်အထိတော့ ဒီယက်ဇ်ရဲ့ ဖခင်ဟာ ပြန်ပေးဆွဲ သမားရဲ့လက်ထဲမှာရှိနေပြီး အဆက်အသွယ် ပြတ်တောက်နေဆဲဖြစ်ပါတယ်။
ဒီယက်ဇ်ဟာ ဖခင်ဖြစ်သူပြန်ပေးဆွဲခံရမှုကြောင့် တနင်္ဂနွေနေ့ကက စားခဲ့တဲ့ နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲ မတိုင်ခင်မှာ လူစာရင်းကနေ နုတ်သွားခဲ့ပါတယ်။
အဲဒီပွဲမှာဂိုးသွင်းခဲ့တဲ့ ဒီယေဂိုဂျိုတာဟာ ဒီယက်ဇ်ရဲ့ကျောနံပါတ် ၇ ဂျာစီကို ကိုင်မြှောက်ပြီး အောင်ပွဲခံခဲ့ပါသေးတယ်။
Photo-Reuters