တောင်ပံတိုက်စစ်မှူး ဂျေဒန်ဆန်ချိုဟာ မန်ယူအသင်းကနေထွက်ခွာဖို့ ၉၀ ရာခိုင်နှုန်းကျော် သေချာ နေပြီဖြစ်ကြောင်း ဗြိတိန်မီဒီယာတွေက ဖော်ပြကြပါတယ်။
ဆန်ချိုဟာ နည်းပြတန်ဟတ်ဂ်နဲ့ ဆိုရှယ်မီဒီယာမှာ အပြန်အလှန် စကားများခဲ့ပြီးနောက် တောင်းပန်စကားဆိုဖို့ ငြင်းပယ်နေဆဲဖြစ်ပါတယ်။
နည်းပြတန်ဟတ်ဂ်နဲ့ မန်ယူအသင်းဘက်ကလည်း ဆန်ချိုကို အသင်းလူစာရင်းကနေ ထုတ် ပယ်လိုက်ပြီး လူငယ်အကယ်ဒမီကွင်းမှာပဲ တစ်ဦးတည်း လေ့ကျင့်ခန်းတွေသာ ပြုလုပ်စေခဲ့တာပါ။
အသင်းလူစာရင်းကနေ ထုတ်ပယ်ခဲ့တာဟာ တစ်လနီးပါးကြာမြင့်လာခဲ့ပြီ ဖြစ်ပြီး နည်းပြတန်ဟတ်ဂ်ကို တောင်းပန်မယ်ဆိုရင်တော့ အခွင့်အရေး ပြန်ပေးဖို့ရှိတယ်လို့သိရပါတယ်။
လက်ရှိအချိန်မှာတော့ တောင်းပန်ဖို့ ဆန္ဒမရှိတဲ့ ဆန်ချိုဟာ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ အသင်းပြောင်းမယ်လို့ သတင်းတွေထွက်ပေါ်နေတာပါ။
Photo-Reuters