ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အောက်တိုဘာ ၂၃ ရက်က ရထား ၂ စင်း တိုက်မိပြီးနောက် အနည်းဆုံး လူ ၁၇ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
မြို့တော် ဒါကာရဲ့ အရှေ့မြောက်ဘက် ကီလိုမီတာ ၈၀ လောက်အကွာ ဘိုင်းရတ်ဘ်မြို့မှာ ခရီးသည်တင် ရထား ၁ စင်းနဲ့ ကုန်တင်ရထား ၁ စီးတို့ တိုက်မိခဲ့တာပါ။
ကုန်တင်ရထားဟာ ခရီးသည်တင်ရထားကို အနောက်ကနေ ဝင်တိုက်မိလို့ ရထားတွဲ ၂ တွဲ ပျက်စီးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ရထား ၂ စင်း တိုက်လိုက်တာမှာ လူအတော်များများ အထဲမှာ ပိတ်မိ၊ ညပ်မိသွားကြတာ ဖြစ်ပြီး အဲဒီတုန်းက လူအများစု သေသွားတယ်လို့ ဒေသဆိုင်ရာ မီးသတ်အကြီးအကဲ မိုဟာမက်မာစွတ်က ပြောပါတယ်။
ကနဦးသတင်းတွေအရ သေဆုံးသူ အနည်းဆုံး ၁၃ ဦးရှိခဲ့ရာကနေ အခင်းဖြစ်ပွားရာနေရာက ရုပ်အလောင်း ၁၇ လောင်းအထိ ရရှိထားကြောင်း ဒေသခံရဲချုပ် ရာဆလ် ရှိတ်ခ်က ပြောပါတယ်။
အလောင်းတွေအားလုံးကို လူနာတင်ယာဉ်နဲ့ ဒေသဆိုင်ရာ ဆေးရုံကို ပို့ဆောင်ခဲ့ပြီး အဲဒီကနေမှ သူတို့ဆွေမျိုးတွေဆီ လွှဲပေးသွားမယ်လို့လည်း ဆိုပါတယ်။
Source/Photo-Reuters