တန်းဆင်းဇုန်ထဲရောက်နေတဲ့ အိုင်းယက်စ်အသင်းဟာ နည်းပြမော်ရိစတိန်ကို ရာထူးကနေထုတ်ပယ် လိုက်ပါတယ်။
ပြိုင်ပွဲစုံမှာ ၈ ပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့တဲ့ အိုင်းယက်စ်အသင်းဟာ ဟော်လန်လိဂ် ၁၈ သင်းမှာ အဆင့် ၁၇ နေရာအထိ ကျဆင်းသွားခဲ့ရတာပါ။
တနင်္ဂနွေနေ့က ကစားခဲ့တဲ့ အူထရတ်နဲ့ ပွဲစဉ်မှာ ၄ ဂိုး ၃ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး ပရိသတ်တွေကလည်း မီးရှူးမီးပန်းတွေ ကွင်းထဲပစ်ချကာ ကစားသမားတွေကို အော်ဟစ် ဝေဖန်ခဲ့ကြတာပါ။
အဲဒီပွဲစဉ်အပြီးမှာ နည်းပြမော်ရိစတိန်ကို ရာထူးကနေထုတ်ပယ်ခဲ့တာပါ။ ဟော်လန်နည်းပြဟာ ၂၀၂၃ ခုနှစ် ဇူလိုင်လမှာ စတင်တာဝန်ယူခဲ့တာဖြစ်ပြီး ကာလတိုအတွင်းမှာပဲ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။
အိုင်းယက်စ်ဟာ အခုနှစ်အပြောင်းအရွှေ့မှာ တင်းဘား၊ ကူဒက်စ်၊ အယ်လ်ဗာရက်ဇ်၊ တာဒစ် အစရှိတဲ့ ကစားသမားတွေကို ရောင်းချခဲ့တာအပေါ် ပရိသတ်တွေရဲ့ ဝေဖန်မှုတွေလည်း ခံနေရပါတယ်။
Photo-Reuters