အစ္စရေးနဲ့ ဟားမက်စ် ပဋိပက္ခကြောင့် ထိခိုက်သေဆုံးခဲ့သူတွေကို လေးစားမှု အမှတ်အသားအနေနဲ့ စနေနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ကစားသမားတွေ ပွဲမစတင်မီ ငြိမ်သက် ဆုတောင်းပေးခဲ့ကြပါတယ်။
အောက်တိုဘာ ၂၁ ရက်ညက ကစားခဲ့တဲ့ ချဲလ်ဆီးနဲ့ အာဆင်နယ်၊ မန်စီးတီးနဲ့ ဘရိုက်တန် ပရီးမီးယားလိဂ်ပွဲစဉ်တွေ မစတင်မီ ငြိမ်သက်ခြင်း အစီအစဉ်ကို ပြုလုပ်ခဲ့ကြတာပါ။
ပရီးမီးယားလိဂ်ကစားသမားတွေ၊ မန်နေဂျာတွေနဲ့ ပြိုင်ပွဲတာဝန်ရှိသူတွေဟာလည်း ပွဲကစားနေစဉ်အတွင်း အနက်ရောက်လက်ပတ်တွေ ဝတ်ဆင်ကြပါတယ်တယ်။
ဂါဇာကမ်းမြောင်ဒေသမှာ အောက်တိုဘာလ ၇ ရက်ကစတင်တဲ့ ပစ်ခတ်တိုက်ခိုက်မှု တွေကြောင့် အရပ်သားအများစု ပါတဲ့ နှစ်ဖက် သေဆုံးသူပေါင်း ၅၀၀၀ နီးပါး ရှိနေပြီ ဖြစ်ပါတယ်။
Source/Photo-Reuters