မန်ယူနိုက်တက်နဲ့ ဘရာဇီးလက်ရွေးစင် ကွင်းလယ်လူ ကတ်စမီရိုဟာ မန်ယူအသင်းနဲ့ ပြန်လည်ပူးပေါင်းနိုင်ခြင်းမရှိတာကြောင့် ရှက်ဖီး ယူနိုက်တက်နဲ့ပွဲကို လွဲချော်တော့မှာဖြစ်ပါတယ်။
ကတ်စမီရိုဟာ ဘရာဇီးနဲ့ ဗင်နီဇွဲလာအသင်းနဲ့ တစ်ဂိုးစီသရေကျတဲ့ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့ပေမဲ့ ဥရုဂွေးကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ပွဲချိန်ပြည့်ဝင်ကစား သွားခဲ့တာပါ။
ကတ်စမီရိုဟာ ဒဏ်ရာအခြေအနေ ပြန်လည်ကေင်းမွန်ခြင်းမရှိတာကြောင့် ဘရာဇီး နိုင်ငံမှာဆက်လက် ရှိနေဆဲဖြစ်ပြီး ယူနိုက်တက်အသင်းဆီ ပြန်လည်ပူးပေါင်းနိုင်ခြင်းမရှိခဲ့တာပါ။
မန်ယူအသင်းဟာ ကတ်စမီရိုမပါဝင်နိုင်သေးပေမဲ့ ကွင်းလယ်လူ အမရာဘတ်နဲ့ ရက်ဂီလွန်တို့ ကတော့ လေ့ကျင့်ခန်းပြန်ဆင်းနိုင်ခဲ့လို့ ရှက်ဖီးနဲ့ပွဲမှာ ပြန်လည်ကစားနိုင်မယ်လို့ သိရပါတယ်။
Photo-Reuters