ဟားမတ်စ်ရဲ့ တိုက်ခိုက်မှုကြောင့် အစ္စရေးက ဂါဇာအပေါ် လက်တုံ့ပြန်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေအပြီးမှာ ကနေဒါနိုင်ငံအတွင်း ဂျူးအနွယ်ဝင် ဆီမိုက် အုပ်စုတွေအပေါ် မုန်းတီးမှု သိသိသာသာ မြင့်တက်လာတယ်လို့ ကနေဒါဝန်ကြီးချုပ် ဂျပ်စတင်ထရူးဒိုးက အောက်တိုဘာ ၁၇ ရက်မှာ ပြောလိုက်ပါတယ်။
ဆီမိုက်အုပ်စုထဲမှာ အာရှအနောက်တောင်ပိုင်းက ဂျူး၊ အာရပ်၊ အက်ဆီးရီးယန်း၊ အက်ခါးဒီးယန်း၊ ဘေဘီလွန်းနီးယား၊ ပိုလီနီရှန်းနဲ့ ခေနာနိုက် စတဲ့ လူမျိုးတွေ ပါဝင်ပါတယ်။
ကနေဒါမှာ Anti-semitism ဆီမိုက်အုပ်စုတွေအပေါ် မုန်းတီးမှုကို ဆန့်ကျင်ရေး ညီလာခံတရပ်မှာ ဝန်ကြီးချုပ် ထရူးဒိုးက ခုလို ပြောလိုက်တာပါ။
ကနေဒါမှာ ဆီမိုက်တွေအပေါ် မုန်းတီးမှုဟာ အလွန်ကြောက်စရာ ကောင်းလောက်အောင် မြင့်တက်လာနေတယ်လို့ ထရူးဒိုးက ပြောပါတယ်။
ဆက်ဖြစ်နေဆဲ ပဋိပက္ခတွေ မတိုင်မီကတည်းက ဆီမိုက်တွေအပေါ် မုန်းတီးမှုက တည်တည်ငြိမ်ငြိမ် မြင့်တက်လာခဲ့တာလို့ သူက ဆက်ပြောပါတယ်။
ကနေဒါဝန်ကြီးချုပ်က ဟားမတ်စ်တွေကို ရှုတ်ချခဲ့ပြီး အစ္စရေးရဲ့ ကိုယ်ပိုင်ကာကွယ်ရေး အခွင့်အရေးကို ထောက်ခံတယ်လို့လည်း ပြောပါတယ်။
“ဆေးရုံကို ဝင်တိုက်တာ လက်မခံဘူး” လို့ သူက သတင်းထောက်တွေကို ပြောပါတယ်။
ဟားမတ်စ်အဖွဲ့က စီမံခန့်ခွဲတဲ့ နယ်မြေအတွင်း ပေါက်ကွဲမှုမှာ လူရာချီ သေဆုံးခဲ့တယ်လို့ ကျန်းမာရေးအာဏာပိုင်တွေက ပြောပြီး အစ္စရေးကို အပြစ်တင်ခဲ့ပါတယ်။
ပေါက်ကွဲမှုဟာ အစ္စရေးကြောင့်မဟုတ်ဘဲ သူ့ရဲ့ ရန်သူတွေကြောင့် ဖြစ်တာလို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။
Source/Photo-Reuters