အာဖဂန်နစ္စတန်နိုင်ငံအနောက်ပိုင်း ဟီရတ်ပြည်နယ်၊ ဝါရ်ဒါခါမြို့မှာ အောက်တိုဘာ ၁၅ ရက်က အင်အား ရစ်ချတ်တာ စကေး ၆ ဒသမ ၅ ရှိတဲ့ ငလျင်တခု လှုပ်ခဲ့လို့ လူ ၁ ဦး သေဆုံးပြီး ၃၅ ဦး ဒဏ်ရာရခဲ့တယ်လို့ ဟီရတ်ပြည်နယ်အစိုးရရုံးက ပြောပါတယ်။
ရှင်သန်ကျန်ရစ်သူတွေက အရာအားလုံး ဆုံးရှုံးခဲ့တယ် စားစရာရော ခိုလှုံစရာပါ မကျန်ရစ်ဘူးလို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP ရဲ့ အာဖဂန်ဆိုင်ရာ ကိုယ်စားလှယ် ဖီးလစ်ပ် ခရော့ဖှ်က ပြောပါတယ်။
လတ်တလော ရက်တွေအတွင်း အာဖဂန်အနောက်ပိုင်းပြည်နယ်မှာ ငလျင် အတော်များများ လှုပ်ခတ်ခဲ့လို့ ရွာတွေ ရွာလုံးကျွတ် ပျက်စီးခဲ့ပြီး လူ အယောက် ၁၀၀၀ လောက် သေဆုံးခဲ့ပါတယ်။
စာရင်းအရ ဒဏ်ရာရသူ အယောက် ၂၀၀၀ လောက် ရှိခဲ့ပြီး ဒါဇင်နဲ့ချီတဲ့ ရွာတွေ ငလျင်ဒဏ် သင့်ကာ တချို့က အားလုံးနီးပါး ပြားပြားဝပ် ပျက်စီးခဲ့ပါတယ်။
Source/Photo-Reuters