မန်ယူအသင်းပိုင်ရှင်တွေဖြစ်တဲ့ ဂလေဇာမိသားစုအနေနဲ့ အသင်းကနေ အလုံးစုံထွက်ခွာသွားဖို့သာ လိုလားကြောင်း နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က ပြောပါတယ်။
မန်ယူအသင်းကို ဗြိတိန်စီးပွားရေး လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဂျင်ရတ်ကလစ်က အသင်းရဲ့ပိုင်ဆိုင်မှု ၂၅ ရာခိုင်နူန်းကို ဝယ်ယူပြီး အသင်းကို စီမံခန့်ခွဲဖို့ ဒီတစ်ပတ်အတွင်းမှာ သဘောတူစာချုပ်ချုပ်ဖို့ ရှိပါတယ်။
မန်ယူနောက်ခံလူဟောင်း နဗီးလ်ကတော့ ၂၅ ရာခိုင်နှုန်းသာပိုင်ဆိုင်တဲ့ ပိုင်ရှင်သစ်တစ်ဦးအနေနဲ့ ထိရောက်တဲ့ပံ့ပိုးမှုတွေ လုပ်ဆောင်နိုင်မှာ မဟုတ်တာကြောင့် ဂလေဇာမိသားစုအနေနဲ့ အသင်းကို အလုံးစုံရောင်းချပြီး ထွက်ခွါသွားဖို့သာ လိုလားကြောင်း ပြောပါတယ်။
မန်ယူအသင်းရဲ့ ကြွေးမြီတွေကို ဆပ်ဖို့နဲ့ စီမံကိန်းသစ်၊ လေ့ကျင့်ရေးကွင်းသစ်တွေ အပါအဝင်၊ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်တွေ စုစုပေါင်း ၆ ချက်ကို ခြွင်းချက် မရှိ လုပ်ဆောင်ပေးရမယ်လို့ နဗီးလ်က တောင်းဆိုထားပါတယ်။
ဂလေဇာ မိသားစုအနေနဲ့ မန်ချက်စတာမှာ လိုအပ်တာထက်ပိုပြီး အချိန်ကြာအောင် နေထိုင်ခဲ့ပေမဲ့ အခုထိ သတိပြုမိတဲ့ပုံ မပေါ်သေးကြောင်းလည်း နဗီးလ်က ဝေဖန်သွားခဲ့ပါတယ်။
Photo-Reuters