ကာတာစော်ဘွား ရှိတ်ဂျက်ဆင်းဟာ မန်ယူအသင်းပိုင်ရှင် ဂလေဇာမိသားစုဘက်က ဈေးကိုင်မှုတွေကြောင့် အသင်းကိုဝယ်ယူဖို့ ကမ်းလှမ်းတာတွေ ထပ်မလုပ်တော့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ရှိတ်ဂျက်ဆင်းဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းက ယူနိုက်တက်အသင်းကိုဝယ်ယူဖို့အတွက် ပေါင် ၅ ဒသမ ၅ ဘီလီယံအထိ တိုးမြှင့် ကမ်းလှမ်းခဲ့ပေမဲ့ ပေါင် ၆ ဘီလီယံအထိအလိုရှိနေတဲ့ ဂလေဇာမိသားစုဘက်က ပယ်ချခဲ့တယ်လို့ သိရပါတယ်။
ဒီအခြေအနေတွေကြောင့် ယူနိုက်တက်အသင်းကိုဝယ်ယူမယ့် အစီအစဉ်ကို ဖျက်သိမ်း လိုက်ပြီး ကမ်းလှမ်းမှု ထပ်လုပ်ဆောင်တော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။
ရှိတ်ဂျက်ဆင်း နုတ်ထွက်သွားတာဟ ဗြိတိန်စီးပွားရေးလုပ်ငန်းရှင် ဆာဂျင်ရက်ကလစ်ဖ်အတွက် အားသာချက်ဖြစ်သွားပြီး မန်ယူအသင်းကို ဝယ်ယူနိုင်ဖို့ ရေပန်းစားနေပါတယ်။
Photo-Reuters