Home
နိုင်ငံတကာ
ဗြိတိန်မင်းသား ဟယ်ရီဇနီးမောင်နှံ ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ပွဲတော် တက်ရောက်
DVB
·
October 12, 2023
PrinceHarry_12102023

ဗြိတိန်တော်ဝင်မင်းသားဟယ်ရီနဲ့ ဇနီးမီဂံမာကယ်တို့ဟာ အောက်တိုဘာ ၁၀ ရက်က အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ကျင်းပတဲ့ ဒုတိယအကြိမ် ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ ပွဲတော်ကို တက်ရောက်ခဲ့ပါတယ်။

သူတို့ဇနီးမောင်နှံဟာ Archewell Foundation နဲ့ Project Healthy Minds တို့နဲ့ တွဲဖက်ကျင်းပတဲ့ ပွဲစဉ်မှာ ပါဝင်တက်ရောက်ခဲ့တာပါ။

မင်းသား ဟယ်ရီက သူတို့ရဲ့ ရည်မှန်းချက်က နာကျင်မှုကို ရည်ရွယ်ချက်အဖြစ် ပြောင်းလဲပြီး ပံ့ပိုးကူညီဖို့လို့ ပြောပါတယ်။

“ဒီမိဘတွေ အတူတူကုစားဖို့၊ ဝမ်းနည်းဖို့၊ အတူတကွ အဖြေရှာဖို့အတွက် မီးမောင်းထိုးပြပြီး စင်မြင့်တခုအနေနဲ့၊ တခြား မိသားစု သူတို့ ကြုံတွေ့ခဲ့ရတဲ့ အရာတွေကို ဘယ်မှာမှ ဖြတ်သန်းစရာမလိုအောင် စုပေါင်းအဖြေရှာဖို့ပါ” လို့ မင်းသား ဟယ်ရီက ပြောပါတယ်။

ဆယ်ကျော်သက်တွေနဲ့ စိတ်ကျန်းမာရေးအပေါ် ဆိုရှယ်မီဒီယာရဲ့ အကျိုးသက်ရောက်မှုကို အဓိကထား ဆွေးနွေးခဲ့တာပါ။

သူတို့ကိုယ်သူတို့ သတ်သေသွားတဲ့ သားသမီးတွေရဲ့ မိဘတွေက သူတို့ရဲ့ဇာတ်လမ်းတွေကို မျှဝေခဲ့ကြပါတယ်။

မဝေးတော့တဲ့ အနာဂတ်မှာ ကလေးတွေကို ကာကွယ်ဖို့ အပြောင်းအလဲတွေ လုပ်လာနိုင်မယ်လို့ ယုံကြည်ကြောင်း မီဂံမာကယ်က ပြောပါတယ်။

“အယ်လ်ဂိုရီသမ်တွေက အရမ်းအစွမ်းထက်ပါတယ်။ ဒါပေမဲ့ ကျမခင်ပွန်း ပြောသလိုပဲ တကယ်ဖြစ်ပျက်နေတာကို သိမြင်နိုင်စွမ်း၊ သတိထားမိမှုနဲ့အတူ ပိုများလာတဲ့ ကြားသိနိုင်စွမ်းက သိသာထင်ရှားတဲ့ အပြောင်းအလဲတချို့ကို အတူလုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်” လို့ မီဂံမာကယ်က ပြောခဲ့ပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024