Home
မြန်မာသတင်း
ကြူကုတ်တွင် ဒေသခံ အမျိုးသား ၁ ဦး မိုင်းနင်းမိ
DVB
·
October 12, 2023
MineVictims_KyuKote_12102023

မူဆယ်ခရိုင်၊ ကြူကုတ် (ပန်ဆိုင်း)မြို့နယ်၊ နမ့်တောင်းရွာအနီး နမ့်တောင်း-ဖာဖိတ် လမ်း‌ပေါ်မှာ အောက်တိုဘာ ၁၀ ရက်နေ့ ညနေ ၃ နာရီလောက်က ဒေသခံ အမျိုးသား ၁ ဦး မိုင်းနင်းမိပြီး ခြေထောက်ပြတ် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

“မိုးရွာတယ် ဆိုပြီး ဟို ကွင်းလမ်းကနေ မသွားချင်လို့ မိုင်းမရှိတော့ဘူး ထင်လို့ သွားတာတဲ့။ အဲဒါ ပြန်နင်းမိတာ။ ဒီတခါနဲ့ဆို အဲဒီနေရာမှာ မိုင်း ၄ ခါ ပေါက်ပြီ” လို့ ဒေသခံတဦးက ပြောပါတယ်။

နမ့်တောင်း-ဖာဖိတ်ကြားမှာ အရင်တလောက စစ်‌တပ်က လမ်းဖြတ်တောက် တူးဆွပြီး မိုင်းအများကြီး ထောင်ထားတာလို့ ဆိုပါတယ်။ 

ထိခိုက်ဒဏ်ရာရသူက အသက် ၃၀ ဝန်းကျင်အရွယ် ဖာဖိတ်ရွာခံ လရှီးနော် ဖြစ်တယ်လို့ ဆိုပါတယ်။ 

“ခုက မူဆယ် ဆေးရုံရောက်နေတယ်။ မနေ့က သယ်သွားတာ” လို့ မျက်မြင်ဒေသခံ  နောက်တဦးက ပြောပါတယ်။ 

အဲဒီနေရာမှာ ပထမအကြိမ် TNLA စစ်သား ၁ ဦး၊ ဒုတိယတကြိမ်မှာ နမ့်ဟွယ် ၁၀၅ မိုင်ဘက်ကနေ ဖာဖိတ်ဘက် ဗြုံးအုတ် လာပို့သူ ၁ ဦး၊ တတိယတကြိမ်မှာတော့ ပန်ဆိုင်းက တရုတ်အမျိုးသား ၁ ဦး ဖာဖိတ်ဘက် သူ့ကြံခင်း သွားကြည့်ရာမှ မိုင်းနင်းမိခဲ့ပြီး အခု တကြိမ်နဲ့ဆို ၄ ကြိမ်ရှိပြီလို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့ ဩဂုတ် ၁၅ ရက်မှာ စစ်တပ်က အဲဒီလမ်းကို စက်ယန္တရား အသုံးပြု ဖျက်ဆီးခဲ့ပြီးနောက် TNLA နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားခဲ့ဖူးတဲ့နေရာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024