ဝေဖန်မှုတွေက မိသားစုနဲ့ မိတ်ဆွေတွေအပေါ် ပိုပြီး ထိခိုက်ခံရကြောင်း အင်္ဂလန်နောက်ခံလူ မက်ဂွဲယားက ပြောသွားပါတယ်။
မန်ယူနောက်ခံလူဟာ ပြီးခဲ့တဲ့ရာသီကတည်းက တရာသီလုံး ဝေဖန် လှောင်ပြောင်မှုတွေ ခံခဲ့ရပြီး အဲဒီဝေဖန်မှုတွေဟာ သူ့အပေါ်ထက်စာရင် မိသားစုနဲ့ မိတ်ဆွေတွေအပေါ် ပိုပြီး ထိခိုက်ခံရကြောင်း ပြောပါတယ်။
အထူးသဖြင့် ပွဲကစားချိန်တွေမှာဖြစ်ပြီး မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေဟာ သူ့ရဲ့ပွဲစဉ်တွေကို ကြည့်ရှုခံစားဖို့ ခက်ခဲခဲ့ကြောင်း မက်ဂွဲယားက ပြောပါတယ်။
ပြီးခဲ့တဲ့လပိုင်းက ကစားခဲ့တဲ့ စကော့တလန်နဲ့ပွဲစဉ်မှာ မက်ဂွဲယားကို လှောင်ပြောင်ခဲ့ကြတဲ့အပေါ် မိခင်ဖြစ်သူကိုယ်တိုင် ဆိုရှယ်မီဒီယာကနေ ပို့စ်တင်ပြီး အားပေးဝန်းရံကြဖို့ ပြောခဲ့ဖူးပါတယ်။
ပွဲကစားခွင့်ရဖို့က ကစားသမားဘဝအတွက် အရေးပါပြီး မန်ယူအသင်းမှာ နေရာရဖို့ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့လည်း မက်ဂွဲယားက ပြောသွားပါတယ်။
Photo-Reuters