Home
နိုင်ငံတကာ
အာဖဂန်တွင် ငလျင်ကြောင့် သေဆုံးသူ ၃၀၀ အတွက် ဈာပနအခမ်းအနား ပြုလုပ်
DVB
·
October 11, 2023
Afghan funeral_11102023

အာဖဂန်နစ္စတန်နိုင်ငံ၊ ဇင်ဒါဂျန်ခရိုင်မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် သေဆုံးသူ ၃၀၀ အတွက် ဈာပနအခမ်းအနားကို အောက်တိုဘာ ၉ ရက်က ပြုလုပ်ခဲ့ရာမှာ တာလီဘန်အရာရှိတွေလည်း ပါဝင်တက်ရောက်ခဲ့ကြပါတယ်။

ငလျင်ကြောင့် ဇင်ဒါဂျန်ခရိုင်က လူ ၁,၆၀၀ လောက် နေထိုင်တဲ့ ဆီယာအာ့ဘ်ကျေးရွာမှာ လူ ၃၀၀ ကျော် သေဆုံးခဲ့ပြီး အများစုမှာ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေ ဖြစ်ကြပါတယ်။

ဒေသစံတော်ချိန် ၁၁ နာရီမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်အပြီးမှာ နောက်ဆက်တွဲငလျင် ၈ ကြိမ် လှုပ်ခတ်ခဲ့ပြီး ဟေရတ်ပြည်နယ် မြို့တော် အနောက်မြောက်ဘက် ကီလိုမီတာ ၃၀ အကွာရှိ သွားလာရခက်ခဲတဲ့ ဒေသတွေမှာ လှုပ်ခတ်ခဲ့တာကြောင့် ကျေးရွာရှိ နေအိမ်တွေ ပြိုကျပြီး ဒေသခံတွေလည်း လမ်းပေါ်ထွက်ပြေးခဲ့ကြပါတယ်။

ငလျင်ကြောင့် အနည်းဆုံး လူပေါင်း ၂,၄၀၀ သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း တာလီဘန် အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

ခန့်မှန်းခြေ လူပေါင်း ၅ သောင်းလောက် သေဆုံးခဲ့တဲ့ တူရကီနဲ့ ဆီးရီးယားတို့မှာ ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် အခုနှစ်အတွင်း ကမ္ဘာပေါ်မှာ လူသေဆုံးမှုအများဆုံး ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အောက်တိုဘာ ၉ ရက်က ချိန်ခါအလိုက် နောက်ဆက်တွဲငလျင်တွေ ဆက်လက် လှုပ်ခတ်သွားခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောကြားခဲ့ပြီး လူတွေဟာ အိမ်ထဲမှာ မနေရဲလောက်အောင်ကို ကြောက်လန့်နေကြတယ်လို့ ဆိုပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024