ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ ဘယ်လင်ဂမ်ရဲ့ခြေစွမ်းဟာ အသက် ၃၀ အရွယ်ကစားသမားလို ထင်ရကြောင်း နည်းပြ အန်စလော့တီက ချီးကျူးသွားပါတယ်။
အသက် ၂၀ အရွယ်ပဲရှိသေးတဲ့ အင်္ဂလန်ကွင်းလယ်ကြယ်ပွင့်ဟာ ရီးရဲလ်မက်ဒရစ်မှာ အချိန်တိုအတွင်း အသားကျလာခဲ့ပြီး အကောင်းဆုံးခြေစွမ်း ပြသနေတာပါ။
ဘယ်လင်ဂမ်ဟာ မက်ဒရစ်နဲ့ ၁၀ ပွဲမှာ ၁၀ ဂိုးသွင်း ဂိုးဖန်တီးမှု ၃ ကြိမ်လုပ်ဆောင်ခဲ့တာပါ။ နည်းပြအန်စလော့တီကတော့ မက်ဒရစ်မှာ အချိန်တိုအတွင်းမှာပဲ လျင်မြန်စွာ အံဝင်လာခဲ့တဲ့ ဘယ်လင်ဂမ်ဟာ အလွန်အံ့အားသင့်စရာကောင်းပြီး အသက် ၃၀ အရွယ်ကစားသမားကဲ့သို့ စွမ်း ဆောင်ရည်ရှိကြောင်းချီးကျူးခဲ့တာပါ။
အန်စလော့တီက“သူ့အသက်က ၂၀ ပဲရှိသေးတယ်ဆိုတာ အံ့အားသင့်စရာပါပဲ။ သူ့ရဲ့စရိုက်လက္ခဏာနဲ့ ကိုယ်ရည်ကိုယ်သွေးကိုချိန်ထိုးကြည့်မယ်ဆိုရင် အသက် ၃၀ အရွယ် ကစားသမားလို့ ထင်ရပါတယ်။ အမြဲတမ်း အာရုံစူးစိုက်မူရှိပြီး ဘာလုပ်ရမလဲဆိုတာသိတယ်။ အသက် ၂၀ အရွယ်နဲ့ ဒီလိုစွမ်းဆောင်ရည်မျိုးရှိတာဟာ အတော်လေးထူးဆန်းပါတယ်” လို့ ပြောပါတယ်။
ဘယ်လင်ဂမ်ကို စပိန်မီဒီယာတွေကလည်း ချီးကျူးနေကြပြီး မက်ဒရစ်အသင်းကို ပြန်လည်နုပျိုသွားစေတဲ့က စားသမားဖြစ်ကြောင်း သတင်းစာမျက်နှာဖုံးတွေမှာ ရေးသား ခဲ့ကြပါတယ်။
Photo-Reuters