အာဖဂန်နစ္စတန်နိုင်ငံမှာ အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့လို့ လူ ၂၀၀၀ ကျော် သေဆုံးပြီး ၉၀၀၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ တာလီဘန် အုပ်ချုပ်ရေးအဖွဲ့က အောက်တိုဘာ ၈ ရက်မှာ ပြောပါတယ်။
အောက်တိုဘာ ၇ ရက်က ပြင်းအား ၆ ဒသမ ၃ ရှိတဲ့ ငလျင်တခု ဟာရတ်မြို့ရဲ့ အနောက်မြောက်ဘက် မိုင် ၂၀ အကွာမှာ လှုပ်ခတ်သွား ခဲ့တယ်လို့ အမေရိကန် ဘူမိစစ်တမ်း အဖွဲ့ (USGS) က ပြောပါတယ်။
အာဖဂန်နစ္စတန်ရဲ့ နေရာအတော် များများဟာ ကုန်းလမ်းကိုသုံးပြီး သွားလာလို့ မရတဲ့အပြင် ပြန့်ကျဲနေတဲ့ ရွာတွေမှာ မကြာခဏ ပြိုကျနိုင်တဲ့ ရွှံ့အဆောက် အအုံတွေနဲ့ တည်ထားပါတယ်။
အာဖဂန်နစ္စတန် အရှေ့ပိုင်းမှာ မနှစ်က ငလျင်တစ်ခု လှုပ်ခဲ့လို့ လူ ၁၀၀၀ လောက် သေဆုံးပြီး ရာနှင့်ချီ ဒဏ်ရာရရှိခဲ့ဖူးပါတယ်။
Source/Photo-Reuters