Home
နိုင်ငံတကာ
ဆီးရီးယားစစ်တက္ကသိုလ်ဘွဲ့အခမ်းအနား ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး အနည်းဆုံး ၁၀၀ ခန့် သေဆုံး
DVB
·
October 6, 2023
WorldNews_Syrian military academy drone attacked02_Reuters_06102023
WorldNews_Syrian-military-academy-drone-attacked_Reuters_06102023

ဆီးရီးယားနိုင်ငံမှာ အောင်တိုဘာ ၅ ရက်နေ့က ကာကွယ်ရေးဝန်ကြီးက စစ်တက္ကသိုလ် ဘွဲ့နှင်းသဘင် အခမ်းအနားကနေ ထွက်သွားပြီး မိနစ်ပိုင်းအကြာမှာ ဒရုန်းယာဉ်နဲ့ တိုက်ခိုက်ခံခဲ့ရလို့ အနည်းဆုံး လူအယောက် ၁၀၀ သေဆုံးပြီး ၂၄၀ လောက် ဒဏ်ရာရခဲ့တယ်လို့ စစ်ပွဲစောင့်ကြည့်လေ့လာသူတွေနဲ့ လုံခြုံရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။

နိုင်ငံအလယ်ပိုင်း ဟုမ်းစ်ပြည်နယ်က စစ်သင်တန်းကျောင်းကို တိုက်ခိုက်ရာမှာ အရပ်သားတွေနဲ့ စစ်ဘက်ဆိုင်ရာ ဝန်ထမ်းတွေ သေဆုံးခဲ့တယ်လို့ ဆီးရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာချက်ထဲမှာ ဖော်ပြခဲ့ပါတယ်။

အကြမ်းဖက်အဖွဲ့တွေက ဒရုန်းတွေကိုသုံးပြီး ဒီစစ်ဆင်ရေးကို ဆောင်ရွက်ခဲ့တယ်လို့ ပြောပါတယ်။ ကြေညာချက်ထဲမှာ ဘယ်အဖွဲ့အစည်းကိုမှ မဖော်ပြထားသလို တိုက်ခိုက်မှုအတွက် ဘယ်အဖွဲ့ကမှ တာဝန်ရှိကြောင်း ချက်ချင်းထုတ်မပြောခဲ့ပါဘူး။

ဆီးရီးယားကာကွယ်ရေးဝန်ကြီးဟာ ဘွဲ့နှင်းသဘင်အခမ်းအနားကို တက်ခဲ့ပေမဲ့ တိုက်ခိုက်မှုမစမီ မိနစ်ပိုင်းအလိုမှာ ထွက်ခွာသွားခဲ့တယ်လို့ ဆီးရီးယား လုံခြုံရေး သတင်းရင်းမြစ်တခုနဲ့ ဆီးရီးယားအစိုးရကို ကျောထောက်နောက်ခံပေးထားတဲ့ ဒေသတွင်း မဟာမိတ်အဖွဲ့ရဲ့ လုံခြုံရေးသတင်းရင်းမြစ်ကနေ သိရပါတယ်။

“အခမ်းအနားအပြီးမှာ လူတွေက ခြံဝင်းထဲကို ဆင်းသွားပြီး ဖောက်ခွဲရေးပစ္စည်းတွေက ဘယ်ကလာတယ်ဆိုတယ် မသိသလို အလောင်းတွေ မြေပြင်မှာ လွင့်ကျသွားတယ်” လို့ အခမ်းအနားအတွက် အလှဆင်လုပ်ငန်းကို ကူညီဆောင်ရွက်ခဲ့သူ ဆီးရီးယား အမျိုးသားတဦးက ပြောပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024