အင်္ဂလန်လက်ရွေးစင်ဘောလုံးအသင်းရဲ့ လူစာရင်းထုတ်ပြန်ခဲ့ရာမှာ ချဲလ်ဆီးကစားသမား စတာလင် ချန်လှပ်ခံခဲ့ရပြီး ဝက်စ်ဟမ်းက ဘိုဝင်နဲ့ ဗီလာတိုက်စစ်မှူး ဝက်ကင်စ်တို့ ပြန်လည် ပါဝင်လာ ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလက လူစာရင်းမှာလည်း စတာလင်ကို ချန်လှပ်ခဲ့ပြီး ဒီတစ်ခေါက်မှာလည်း ဆက်လက် ချန်လှပ်ခဲ့တာပါ။
ဝက်စ်ဟမ်းနဲ့ ဗီလာအသင်းတွေမှာ ခြေစွမ်းပြနေတဲ့ ဘိုဝင်နဲ့ ဝက်ကင်စ်တို့ကိုတော့ ပြန်လည်ခေါ်ယူခဲ့ပြီး ပဲလေ့က အီဇီနဲ့ နယူးကာဆယ်က ဝီလ်ဆင်တို့ကတော့ ဒဏ်ရာအခြေအနေ တွေကြောင့် မပါဝင်ခဲ့ ပါဘူး။
ပုံမှန်ပွဲထွက်ခွင့်မရတဲ့ နောက်ခံလူ မက်ဂွဲယားအပါအဝင် ဟန်ဒါဆန်၊ ကယ်ဗင်ဖိလစ်၊ ဂိုးသမားပစ်ဖို့ဒ်တို့ကိုလည်း ပြန်လည်ရွေးချယ်ခဲ့ပါတယ်။
တိုက်စစ်ပိုင်းမှာ အာဆင်နယ်က အန်ကတ်တီယာကိုလည်း ဆက်လက်ရွေးချယ်ခဲ့ပြီး ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာတဲ့ ဂျွန်စတုန်းစ်ကိုလည်း ပြန်လည်ရွေးချယ်ခဲ့ပါတယ်။
နည်းပြ ဆောက်ဂိတ်ရဲ့ အင်္ဂလန်အသင်းဟာ သြစတြေးလျ၊ အီတလီတို့နဲ့ ယှဉ်ပြိုင်ကစားသွားဖို့ ရှိနေတာပါ။
Photo-Reuters