ခြင်အမျိုးအစား တချို့ကနေ လူဆီကူးစက်တဲ့ အသက်အန္တရာယ် ကျရောက်နိုင်တဲ့ ငှက်ဖျား ရောဂါကို ထိန်းချုပ်ဖို့အတွက် R21/Matrix-M ငှက်ဖျားကာကွယ်ဆေးကို အသုံးပြုကြဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အောက်တိုဘာ ၂ ရက်မှာ အကြံပြုလိုက်ပါတယ်။
R21/Matrix-M ကို ဗြိတိန်နိုင်ငံ အောက်စဖို့ဒ်တက္ကသိုလ်က တီထွင် ထုတ်လုပ်ထားပြီး အာဖရိကနိုင်ငံတချို့မှာ ၂၀၂၄ အစောပိုင်းမှာ စသုံးနိုင်မှာပါ။
၂၀၂၄ နှစ်လယ်ပိုင်းမှာ တခြားနိုင်ငံတွေမှာ ရနိုင်မယ်လို့ WHO အကြီးအကဲ တေဒရို အဒ်ဒါနွန် ဂေဘရီယေးဆပ်က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဆေးဖိုးက အမေရိကန်ဒေါ်လာ နှစ်ဒေါ်လာကနေ လေးဒေါ်လာ အကြား ကုန်ကျမှာပါ။ R21/Matrix-M ကို Serum Institute of India က အမြောက်အမြား ထုတ်လုပ်ထားပြီး အမေရိကန် ဇီဝနည်းပညာကုမ္ပဏီ Novavaxရဲ့ ခုခံအားရဲ့ တုံ့ပြန်မှုကို မြှင့်တင်ပေးတဲ့ ပဋိဇာတ်ဆန့်ကျင်ပစ္စည်း Matrix M ကို အသုံးပြုထားပါတယ်။
Source/Photo-Reuters