Home
မြန်မာသတင်း
ငပလီကမ်းခြေတွင် ကျွဲ နွားအသေ ၁၀ ကောင်ကျော်ခန့် သောင်တင်
DVB
·
October 2, 2023
Dead_Buffalo_Cow_NgaPali_02102023

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ရှိ ငပလီကမ်းခြေတလျှောက်မှာ အောက်တိုဘာ ၂ ရက် ဒီနေ့မနက်ပိုင်းက နွားသေနဲ့ ကျွဲသေ ၁၀ ကောင်ကျော် သောင်တင်နေတာကို ဒေသခံတွေ တွေ့ရှိခဲ့ကြောင်း ငပလီဒေသခံတွေက ပြောပါတယ်။

သေဆုံးနေတဲ့  ကျွဲ နွားကောင်ရေ ၁၀ ကောင်ကျော်ကို ဒီကနေ့ မနက်က ငပလီကမ်းခြေတလျှောက် မဇင်ရပ်ကွက်၊ ဇီးဖြူကုန်းရပ်ကွက်တွေမှာ တွေ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။

ရေလုပ်သားတဦးက “ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ခိုးပို့တဲ့ ကျွဲ၊ နွားတင်စက်လှေ တိမ်းမှောက်ပြီး သောင်တင်လာတာလို့တော့ ထင်တယ်ဗျ။ နောက်ထပ် ကျွဲ၊ နွားတွေနဲ့ လူတွေတော့ ကမ်းခြေတွေမှာ သောင်တင်လာနိုင်တယ်”လို့ ပြောပါတယ်။

စက်လှေက ဘယ်နေ့ကတည်းက နစ်မြုပ်တယ်၊ ဘာကြောင့် နစ်မြုပ်တယ် ဆိုတာကိုတော့ အသေးစိတ်  မသိရသေးပါဘူး။ 

သံတွဲမြို့နယ်မီးသတ်စခန်း ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေက သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ကျွဲ နွား အသေကောင်တွေကို ဆယ်ယူမြှုပ်နှံနိုင်ရေး ဆောင်ရွက်နေတယ်လို့ မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024