Home
မြန်မာသတင်း
ရေးမြို့နယ် ခလရ ၅၉၁ ဒုတပ်ရင်းမှူးနှင့်အဖွဲ့ ပစ်ခတ်ရှင်းလင်းခံရ
DVB
·
September 30, 2023
384562746_261194083577222_6254857659534460976_n

မွန်ပြည်နယ်၊ ရေးမြို့နယ် ကျောင်းရွာကျေးရွာ ခလရ ၅၉၁ ဒုတပ်ရင်းမှူးနဲ့အဖွဲ့ကို စက်တင်ဘာ ၃၀ ရက် မနက် ၁၁ နာရီခွဲက ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ ရေးဘီးလူးအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

"ဒုတပ်ရင်းမှူးနဲ့ အပေါင်းအပါတွေ အိမ်စီးကားနဲ့ တပ်ကနေ ရေးဘက်ကိုအလာမှာ  ကံလှကျေးရွာအနား အသင့်စောင့်ဆိုင်းပြီး လက်နက်ငယ်၊ M4 ကြီးနဲ့ ပစ်ခတ်လိုက်တယ်၊ အရပ်ဝတ်နဲ့ ကားမှာပါလာတဲ့ ဒုတပ်ရင်းမှူးအပါအဝင် ၃ ယောက်သေဆုံးခဲ့တယ်။"

အခင်းဖြစ်နေရာဟာ စစ်တပ်နဲ့ မီတာ ၅၀၀ လောက်သာ ဝေးတာကြောင့် စစ်ဆင်ရေးပြီးတာနဲ့  ရေးဘီလူးအဖွဲ့သားတွေ ပြန်ဆုတ်လာခဲ့ကြောင်း၊ အခုစစ်ဆင်ရေး မလုပ်ခင်က စစ်ကောင်စီနဲ့ အပေါင်းပါတွေ လက်ရှိတာဝန်ကနေ ၄၈ နာရီအတွင်း နောက်ဆုံးထွက်ကြဖို့ သတိပေးပြီးမှ လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

ဒေသခံတဦးက “အခင်းဖြစ်ပြီး အနီးနားကဒေသခံတွေ ကြောက်လန့်ပြီး ထွက်​ပြေးတိမ်းရှောင်ကြရပါတယ်။ သေဆုံးသွားသူတွေရဲ့ ရုပ်အလောင်းက ဘယ်သူမှလာမယူကြသေးဘူး၊ သွားလည်းမကြည့်ရဲကြဘူး။ အခု စစ်တပ်ဘက်က လိုက်လံ ရှင်းလင်း နေရာယူထားတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ရက်တွေကလည်း ရေးမြို့လယ်ရှိ မြဝတီဘဏ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့သလို ရဲသတင်းတပ်ဖွဲ့ SB ဒုရဲမှူးမြင့်လွင်ကိုလည်း ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ရေးဘီးလူးအဖွဲ့က ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024