မက္ကဆီကို ရွှေ့ပြောင်းနေထိုင်သူတွေဟာ အမေရိကန်ကို ဖြတ်ကျော်ဝင်ရောက်ဖို့ ကြိုးပမ်းနေချိန်မှာ မက္ကဆီကိုနိုင်ငံရဲ့ ဘာဟာကယ်လီဖိုးနီးယားပြည်နယ်က လက်နက်ကိုင် တိုက်ခိုက်မှုတခုမှာ မက္ကဆီ ကို ရွှေ့ပြောင်းနေထိုင်သူ ၂ ဦး သေဆုံးပြီး တခြား ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မက္ကဆီကို အမျိုးသား ရွှေ့ပြောင်း အခြေချရေး အင်စတီကျု (INM) က စက်တင်ဘာ ၂၉ ရက်မှာ ပြောကြားပါတယ်။
INM ရဲ့ ထုတ်ပြန်ချက်တခုအရ ကယ်ဆယ်ရေးသမားတွေဟာ အမည်မသိအဖွဲ့တွေက ရွှေ့ပြောင်း နေထိုင်သူတွေကို တိုက်ခိုက်တဲ့နေရာဆီ သွားရောက်ခဲ့ရာမှာ ဒဏ်ရာရသူ အမျိုးသားတဦးနဲ့ ရုပ်အလောင်း ၂ လောင်းကို တွေ့ရှိခဲ့ပါတယ်။
ကယ်ဆယ်ရေး မစခင်မှာ ကယ်ဆယ်ရေးသမားတွေ ဟာ သေနတ်ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် တောင်ပေါ်ကနေ လွတ်မြောက်လာတဲ့ မက္ကဆီကို ရွှေ့ပြောင်းနေထိုင်သူ ၁၁ ဦးကို ကူညီပေးခဲ့ပြီး သေနတ်ဒဏ်ရာတွေနဲ့ အမျိုးသမီး ၂ ဦးကို ကုသဖို့ ဆေးရုံကို ပို့ဆောင်ခဲ့ကြောင်း အေဂျင်စီက ပြောကြားခဲ့ပါတယ်။
လတ်တလော ရက်သတ္တပတ်တွေအတွင်း နယ်စပ်ကို ထောင်နဲ့ချီတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေ ရောက်ရှိလာကြပြီး အမေရိကန်ခေါင်းဆောင်တချို့ရဲ့ သတိပေးချက်ကြောင့် နယ်စပ်မှာ လုံခြုံရေး စစ်ဆေးမှုတွေကို တိုးမြှင့်လုပ်ဆောင်လာခဲ့ကြပါတယ်။
Source/Photo-Reuters