ဒီတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ခရစ္စတယ်ပဲလေ့နဲ့ ကစားမယ့်ပွဲစဉ်မှာ မန်ယူကစားသမား သုံးဦး ပြန်လည်ပါဝင်လာမယ်လို့သိရပါတယ်။
မန်ယူအသင်းဟာ ကြားရက်မှာကစားခဲ့တဲ့ ခရစ္စတယ်ပဲလေ့နဲ့ လိဂ်ရူံးထွက်ဖလားမှာ ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။
အဲဒီပွဲစဉ်မှာနောက်ခံလူ ရက်ဂီလွန်၊ ကွင်းလယ် ကစားသမားတွေဖြစ်တဲ့ အဲရစ်ဆင်နဲ့ တွန်မီးနေတို့ လွဲချော်ခဲ့ပေမဲ့ လိဂ်ပွဲစဉ်မှာတော့ အဲဒီကစား သမားသုံးဦးစလုံး ပြန်လည်ကစားနိုင်မှာ ဖြစ်ပါတယ်။
နောက်ခံလူ မာတီနက်ဇ် အပါအဝင် လုခ်ရှော၊ မာလာစီယာနဲ့ ဝမ်ဘစ်ဆာကာ တို့ကတော့ ဆက်လက်လွဲချော်မှာ ဖြစ်ပါတယ်။
Photo-Reuters