ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ် (၇) ရပ်ကွက်၊ ဗောဓိလမ်းရှိ ကော့ကရိတ်ခရိုင်နဲ့ မြို့နယ် လဝကရုံး စက်တင်ဘာ ၂၇ ရက် ညပိုင်းက မီးရှို့ ဖျက်ဆီးခံခဲ့ရပါတယ်။
မနေ့ ည ၁၁ နာရီလောက်က ကော့ကရိတ်ခရိုင်နဲ့ မြို့နယ် လဝကရုံးမြောက်ဘက်ကနေ အရပ်ဝတ်နဲ့ လက်နက်ကိုင် လူ ၃ ယောက် ဝင်ရောက်လာကာ ရုံးကို မီးရှို့ ထွက်သွားခဲ့တယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်တဲ့သူက ပြောပါတယ်။
မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်း မီးငြှိမ်းသတ်ခဲ့ရာမှာ မနက် ၁ နာရီလောက်မှာ မီးငြိမ်းသွားခဲ့ပါတယ်။
မီးရှို့ခံရလို့ လ၀က ရုံးဝင်းအတွင်းရှိ အလျား ၉ဝ ပေ၊ အနံ ၄ဝ ပေ၊ အမြင့် ၁၅ ပေရှိ ပတ်လည်အုတ်စီ၊ သွပ်မိုး၊ တစ်ထပ်အဆောက်အဦးမှာ ပျက်စီးဆုံးရှုံးသွားပါတယ်။
လုံခြုံရေးအခြေအနေအရ ဒေါနခန်းမကို ပြောင်းရွှေ့ဖွင့်လှစ်ထားတဲ့အတွက်ကြောင့် စာရွက်စာတမ်း၊ မှတ်တမ်းမှတ်ရာတွေကတော့ ပျက်စီးမှုမရှိပါဘူး။