ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့နားက Wonderland အပန်းဖြေဥယျာဉ်မှာ စက်တင်ဘာ ၂၃ ရက်ညပိုင်းက ပုဆိန်ပုံစံ အပျော်စီးရဟတ်စီးနင်းမှုအတွင်း လူတွေ ဇောက်ထိုးအနေအထားနဲ့ နာရီဝက်နီးပါးအထိ ရပ်တန့်နေခဲ့ရလို့ အထိတ်တလန့်ဖြစ်ခဲ့ရပါတယ်။
အရှေ့ပိုင်းစံတော်ချိန် ည ၁၀ နာရီ မိနစ် ၄၀ မှာ ပြောင်းပြန်ဇောက်ထိုးအနေအထားနဲ့ ရပ်တန့်နေတဲ့ လမ်ဘာဂျက် အပျော်စီးရဟတ်ကို ည ၁၁ နာရီ ၅ မိနစ် အရောက်မှာ စက်ပြင်ဝန်ထမ်းတစ်ဦးက ပြန်ချပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ဆိုရှယ်မီဒီယာပေါ်မှာ ဗီဒီယိုလွှင့်တင်ခဲ့တဲ့ မျက်မြင်သက်သေတစ်ဦးကတော့ စီးနင်းသူတွေဟာ "အောက်ကို ပြန်ချပေး" ဆိုပြီး အော်ဟစ်နေခဲ့ကြတယ်လို့ ပြောပါတယ်။
ဒီဖြစ်ရပ်အတွင်း ပက်လက်အနေအထားနဲ့ ပိတ်မိနေခဲ့သူ ၂ ဦးကတော့ ရင်ဘတ်နာကျင်မှုနဲ့ ခြေထောက်အထိအတွေ့ ခံစားမှုပျောက်ဆုံးတာမျိုး ဖြစ်ခဲ့တယ်လို့ ပြောတဲ့အကြောင်း ပြည်တွင်းမီဒီယာမှာ ဖော်ပြထားပါတယ်။
စက်တင်ဘာ ၂၄ ရက်နေ့အထိ နောက်ထပ် စုံစမ်းစစ်ဆေးမှု ပြုလုပ်နိုင်ဖို့အတွက် ဒီအပျော်စီးတဲ့နေရာကို ပိတ်ထားခဲ့တယ်လို့ ဒေသဆိုင်ရာ သတင်းဌာနတွေမှာ ဖော်ပြပါတယ်။
Source/Photo-Reuters