ပရိသတ်သောင်းကျန်မှုကြောင့် ပွဲရွှေ့ဆိုင်းခဲ့ရတဲ့ အိုင်းယက်စ်အသင်းနဲ့ ဖီယင်နုအသင်းတို့ရဲ့ ပွဲကို စက်တင်ဘာ ၂၇ ရက်မှာ တံခါးပိတ်ကျင်းပဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ဟော်လန်လိဂ်ပွဲစဉ်မှာ ဖီယင်နုအသင်းက အိမ်ရှင် အိုင်းယက်စ်ကို ၃ဂိုး ဂိုးမရှိနဲ့ ဦးဆောင်နေချိန်မှာ အိုင်းယက်စ်ပရိသတ်တွေက မီးကျည်တွေ၊ မီးရှူး မီးပန်းတွေနဲ့ ကွင်းထဲကိုပစ်ပေါက်ခဲ့ကြတာပါ။
ဒီအခြေအနေကြောင့် ပွဲချိန် ၅၆ မိနစ်မှာ ရပ်နားခဲ့ရပြီး ပွဲရွှေ့ဆိုင်းဖို့ ဆုံးဖြတ်ခဲ့တာပါ။
ပွဲရွှေ့ဆိုင်းပြီးတဲ့အထိ ကွင်းအပြင်ဘက်မှာ သောင်းကျန်းခဲ့ကြတဲ့ အိုင်းယက်စ်ပရိသတ်တွေကို ဟော်လန်ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ အသုံးပြုပြီး လူစုခွဲခိုင်းခဲ့ပါတယ်။
အိုင်းယက်စ်အသင်းဘက်ကတော့ ပရိသတ်တွေကို မထိန်းနိုင်ခဲ့တဲ့အပေါ် တောင်းပန်စာ ထုတ်ပြန်ခဲ့ပြီး ဟော်လန်ဘောလုံးအဖွဲ့ချုပ်ရဲ့ အရေးယူမှုလည်း ခံရတော့မှာ ဖြစ်ပါတယ်။
Photo-Reuters