ကနေဒါနိုင်ငံမှာ မြေပြင် ဧရိယာ စတုရန်းမိုင် ၆၄,၀၀၀ ကျော် တောမီးလောင်ကျွမ်းခဲ့ပြီး စံချိန်တင် အဆိုးရွားဆုံး တောမီးရာသီကို ကြုံတွေ့နေရပါတယ်။
စက်တင်ဘာ ၂၁ ရက်အထိ နိုင်ငံတစ်ဝှမ်း မီးလောင်ကျွမ်းမှု ၁၀၀၀ ကျော် ဖြစ်ပွားခဲ့ပြီး တောမီး လောင်ကျွမ်းတဲ့နေရာ ၆၅၀လောက်ကို မထိန်းချုပ်နိုင်ဘူးလို့ ယူဆထားကြပါတယ်။
စက်တင်ဘာ ၂၃ ရက်မှာ ရိုက်ကူးထားတဲ့ ဂြိုလ်တုဓာတ်ပုံတွေက ဗြိတိရှ် ကိုလံဘီယာနဲ့ အယ်လ်ဘာတာပြည်နယ်တွေမှာ လောင်ခဲ့တဲ့ တောမီးတွေကို ပြသခဲ့ပါတယ်။
ကနေဒါနိုင်ငံမှာ အဓိက ရေနံထုတ်လုပ်ရာ ပြည်နယ်ဖြစ်တဲ့ အယ်လ်ဘာတာ အရှေ့ဘက်ကနေ လူဦးရေ အများဆုံး ပြည်နယ်ဖြစ်တဲ့ အွန်တာရီယို အလယ်ဗဟိုအထိ တောမီးအန္တရာယ် ပိုများတယ်လို့ ခန့်မှန်းချက်တွေက ညွှန်ပြထားပါတယ်။
အခုနှစ်အတွင်း ကနေဒါနိုင်ငံထဲက ပြည်နယ်နဲ့ နယ်မြေ ၁၃ ခုလုံးနီးပါး မီးလောင်ကျွမ်းခဲ့ပြီး နေအိမ်တွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းခိုင်းခဲ့ရပါတယ်။
စွမ်းအင်ထုတ်လုပ်မှုကို အနှောင့်အယှက် ဖြစ်ခဲ့ပြီး ဗဟိုအစိုးရနှင့် နိုင်ငံတကာ မီးငြှိမ်းသတ်ခြင်း ဆိုင်ရာ အရင်းအမြစ်တွေကို အသုံးချခဲ့ရပါတယ်။
Source/Photo-Reuters