အိန္ဒိယနိုင်ငံအနောက်ပိုင်း နဂ်ပါမြို့မှာ စက်တင်ဘာ ၂၃ ရက်က မိုးသည်းသည်းထန်ထန် ရွာသွန်းပြီး ရေကြီး ရေလျှံခဲ့လို့ အနိမ့်ပိုင်းဒေသတွေမှာ နေကြတဲ့ ဒေသခံတွေ ဘေးကင်းရာဆီ ထွက်ပြေးခဲ့ ရပါတယ်။
မိုးကြီးလို့ အမ်ဘာဇာရီရေကန် ရေလျှံပြီး ပတ်ဝန်းကျင် အနီးနားဒေသတွေမှာ ရေလွှမ်းမိုးခဲ့တာပါ။
မြို့တော်မှာ မနက်အစောပိုင်းကတည်းက မိုးရေချိန် ၁၀၀ မီလီမီတာကျော် မိုးရွာသွန်းပြီးတဲ့နောက် လူ ၂၀၀ ကနေ ၃၀၀ လောက်ကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ကားတွေ အိမ်တွေနဲ့ ဈေးဆိုင်တွေ တစ်စိတ်တစ်ပိုင်း ရေမြုပ်နေတာကို ဒေသခံတွေ မြင်တွေ့ ခဲ့ရပါတယ်။
မိုးအဆက်မပြတ်ရွာနေတာကြောင့် ကားလမ်းပြိုကျတာကိုလည်း ဗီဒီယိုမှာ ပြသထားပါတယ်။
မိုးလေဝသဌာနက သတိပေးချက် ထုတ်ပြန်ပြီးတဲ့နောက် ပြည်သူတွေ သတိရှိရှိနေထိုင်ကြဖို့ တာဝန်ရှိသူတွေက ညွှန်ကြားထားပါတယ်။
Source/Photo-Reuters