ရုရှားနိုင်ငံကို တရားမဝင် နယ်စပ်ဖြတ်ကျော်ဖို့ ကြိုးစားခဲ့တဲ့ ဝဂ္ဂနာကြေးစားတပ်ဖွဲ့ရဲ့ တပ်မှူးဟောင်းတယောက်ကို နော်ဝေရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သူ့ရဲ့ ရှေ့နေက စက်တင်ဘာလ ၂၃ ရက်မှာ ပြောပါတယ်။
ရဲတပ်ဖွဲ့ဟာ ရုရှားနယ်စပ်ကို တရားမဝင်ဖြတ်ကူးဖို့ ကြိုးပမ်းမှုနဲ့ အသက် ၂၀ အရွယ် အမျိုးသားတယောက်ကို ဖမ်းဆီးထားကြောင်း ဖှင်းန်မာ့ခ်ဒေသဆိုင်ရာရဲတပ်ဖွဲ့ အရာရှိတဦးဟာ ပြောကြားခဲ့ပြီး ဖမ်းဆီးထားသူရဲ့ အမည်ကို ထုတ်ဖော်ပြောဆိုဖို့ ငြင်းဆိုခဲ့ပါတယ်။
အခုနှစ်အစောပိုင်း ဇန်န၀ါရီလတုန်းကလည်း နော်ဝေနဲ့ အာတိတ်နယ်စပ်မှတဆင့် ရုရှားနိုင်ငံကနေ ထွက်ပြေးလာခဲ့တဲ့ ဝဂ္ဂနာကြေးစားတပ်ဖွဲ့ဝင် အန်ဒရေမက်ဗီဒက်ဟာ နော်ဝေးမှာ ခိုလှုံခွင့်တောင်းခံပါတယ်။
သူ့ကို ရုရှားအစောင့်တွေက သူ့ကို သေနတ်နဲ့ ပစ်ခတ်တာကြောင့် ပြေးလာရတယ်လို့ ပြောကြားခဲ့ပြီး ဝဂ္ဂနာကြေးစားတပ်ဖွဲ့ရဲ့ တစိတ်တပိုင်းအနေနဲ့ ယူကရိန်းမှာ တိုက်ပွဲဝင်ခဲ့တဲ့ အကြောင်းတွေကိုလည်း ပြောပြခဲ့ပါတယ်။
ဖေဖော်ဝါရီလက ရိုက်တာသတင်းဌာနနဲ့ အင်တာဗျူးတခုမှာ လူအတော်များများက သူ့ကို လူဆိုး၊ ရာဇဝတ်ကောင်၊ လူသတ်သမားလို့ မှတ်ယူကြပြီး အမှန်တော့ သူဟာ အဲ့လို လူမျိုးမဟုတ်ကြောင်း၊ ဝဂ္ဂနာအဖွဲ့မှာ ပါဝင်ခဲ့တဲ့ သူ့ရဲ့အခန်းကဏ္ဍအတွက် "တောင်းပန်ပါတယ်" လို့ မက်ဗီဒက်က ပြောခဲ့ပါတယ်။
Source/Photo-Reuters