မန်ယူအသင်းနည်းပြဘဝက ခေါ်ယူချင်ခဲ့တဲ့ ကစားသမား ၅ ဦးအမည်ကို နည်းပြဆိုးလ်ရှားက ပြန်လည် ပြောပြသွားပါတယ်။
နော်ဝေနည်းပြဆိုးလ်ရှားဟာ ၂၀၂၁ ခုနှစ် နိုဝင်ဘာလက ဝက်ဖို့ဒ်အသင်းကို ၄ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာပါ။
The Athletic နဲ့ အင်တာဗျူးမှာတော့ မန်ယူအသင်းကို ကိုင်တွယ်စဉ်က ခေါ်ယူချင်ခဲ့တဲ့ ကစားသမား ၅ ဦးရဲ့ အမည်ကို ထုတ်ဖော်ပြောပြသွားခဲ့တာပါ။
ယူနိုက်တက်အသင်းအနေနဲ့ ဒက်ကလန်ရိုက်စ်ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့သလို ကိုင်ဆယ်ဒိုကိုလည်း ခေါ်ယူဖို့ ကြိုးပမ်းခဲ့ကြောင်း ဆိုးလ်ရှားက ပြောပါတယ်။
ဒါ့အပြင် ဘယ်လင်ဂမ်ကိုလည်း ခေါ်ယူချင်ခဲ့ပြီး ကစားသမားဖြစ်သူကိုယ်တိုင်က ဒေါ့မွန်အသင်းကို ရွေးချယ်ခဲ့တာဖြစ်ကြောင်း ပြောပါတယ်။
ဒ့ါအပြင် တိုက်စစ်မှူးဟာလန်းကိုလည်း ခေါ်ယူဖို့ ကြိုးပမ်းခဲ့သလို ဟယ်ရီကိန်းကိုလည်း ခေါ်ယူချင်ခဲ့ပေမဲ့ ကိုဗစ်အလွန် ဘဏ္ဍာရေးအကျပ်အတည်းတွေကြောင့် ခေါ်ယူနိုင်ခဲ့ခြင်း မရှိတာလို့ ဆိုးလ်ရှားက ပြောသွားပါတယ်။
Photo - Reuters