အီတလီနောက်ခံလူ ဘိုနူချီဟာ အသင်းဟောင်းဂျူဗင်တပ်အသင်းကို တရားစွဲဆိုသွားဖို့ ဆုံးဖြတ် ထားပါတယ်။
သူဟာ အခုနှစ်နွေရာသီအပြောင်းအရွှေ့မှာ ဂျာမန်ကလပ် အူယွန်းဘာလင် အသင်းဆီကို ပြောင်းရွှေ့ကစားနေတာပါ။
အသင်းပြောင်းရွှေ့မှု မပြုလုပ်ခင်မှာ ဂျူဗင်တပ်အသင်းဘက်က အရှက်ရစေလောက်တဲ့အထိ ပြုမူခဲ့ကြောင်း ဘူနူချီက စွပ်စွဲခဲ့ပြီး အဲဒီအတွက် တရားစွဲဆိုသွားမှာဖြစ်ကြောင်း အတည်ပြုခဲ့တာပါ။
သူဟာ တူရင်ကလပ်အတွက် ၁၂ နှစ်ကြာ ကစားခဲ့သူဖြစ်ပြီး စီးရီးအေချန်ပီယံ ၈ ကြိမ်အထိရယူပေးခဲ့တာပါ။
အခုနှစ်ရာသီကြိုခြေစမ်းပွဲစဉ်တွေကစားစဉ်ကတည်းက နည်းပြ အယ်လီဂရီက လူစာရင်းကနေ ချန်လှပ်ခဲ့ပြီး အမေရိကခရီးစဉ်ကိုလည်း လိုက်ပါခွင့်မပေးခဲ့ပါဘူး။
အရာအားလုံးမှာ အရှက်ရစရာဖြစ်အောင် ဂျူဗင်တပ်အသင်းဘက်က ပြုမူဆက်ဆံခဲ့ပြီး အပြုံးနဲ့ လမ်းခွဲတာမျိုးမဖြစ်ခဲ့ကြောင်း ဘိုနူချီက ပြောသွားပါတယ်။
Photo-Reuters