ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ မြို့တော်ဒါကာမှာ စက်တင်ဘာ ၁၄ ရက် အစောပိုင်းက ဆိုင်ခန်းပေါင်း ရာနဲ့ချီရှိတဲ့ မိုဟာမက်ပူရ်ဈေးကြီးမှာ မီးလောင်မှု အကြီးအကျယ် ဖြစ်ပွားခဲ့ပါတယ်။
ဆိုင်တွေမဖွင့်ရသေးခင် အချိန်မှာ မီးလောင်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှု မရှိခဲ့ဘဲ စစ်တပ်နဲ့ မီးသတ်သမားတွေဟာ မွန်းလွဲပိုင်းမှာ မီးငြှိမ်းသတ်နိုင်ခဲ့ပါတယ်။
မီးဖိုချောင်သုံး ဟင်းချက်ဆီနဲ့ ပလတ်စတစ်တို့လို မီးလောင်လွယ်တဲ့ပစ္စည်းတွေ ပမာဏ များပြားတာကြောင့် မီးဟာ ဈေးအတွင်းပိုင်းထဲကို မြန်မြန်ဆန်ဆန် ပျံ့နှံ့သွားခဲ့ကြောင်းနဲ့ စစ်တပ်နဲ့ မီးသတ်သမားတွေဟာ မီးကိုထိန်းနိုင်ဖို့ ၆ နာရီကြာ အချိန်ယူ ငြှိမ်းသတ်ခဲ့ရကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
ဆိုင်ရှင်တွေဟာ သူတို့ရဲ့ ကုန်ပစ္စည်းတချို့ကို ပြန်ရရှိနိုင်ဖို့ မျှော်လင့်ပြီး ဈေးကို အမြန်သွားကာ ယူခဲ့ကြပေမဲ့ တချို့က နည်းနည်းပဲ ပြန်ရခဲ့ကြပြီး တချို့ကလည်း အကုန်ဆုံးရှုံးသွားပါတယ်။
မိုဟာမက်ပူရ်ဈေးမှာ ဆိုင်ခန်းပေါင်း ၇၀၀ ကျော်ရှိပြီး ပျမ်းမျှအားဖြင့် တဦးစီမှာ တာကာငွေ ၇ သိန်းဖိုးလောက် တန်ဖိုးရှိတဲ့ ကုန်ပစ္စည်းတွေ ရှိထားတာကြောင့် ဆုံးရှုံးမှု အရမ်းများတယ်လို့ ဆိုင်ခန်းရှင်များကော်မတီ ဥက္ကဋ္ဌက ပြောပါတယ်။
လျှပ်စစ်ဝါယာရှော့ကြောင့် မီးလောင်တာဖြစ်နိုင်ပြီး လူသေဆုံးမှုမရှိကြောင်း မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
Source/Photo-Reuters