ထိုင်ဝမ်အစိုးရဟာ မောင်းသူမဲ့လေယာဉ်နဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် ဖြစ်လာတဲ့ အဖြစ်အပျက်တွေကို အသွင်ယူပြီး စက်တင်ဘာ ၁၃ ရက်က နျူးကလီးယား အရေးပေါ် အခြေအနေဆိုင်ရာ စစ်ရေးလေ့ကျင့်မှုတရပ်ကို လေ့ကျင့်ခဲ့ပါတယ်။
ထိုင်ဝမ် အဏုမြူစွမ်းအင်ကောင်စီက နှစ်စဉ်ကျင်းပတဲ့ စစ်ရေးလေ့ကျင့်မှုမှာ ဒေသခံတွေကို ဘေးလွတ်ရာရွှေ့ပေးတာ၊ လူလိုက်ပါစီးနင်းနိုင်တဲ့ ယာဉ်တွေကိုရော မောင်းသူမဲ့ ယာဉ်တွေကိုပါ သုံးပြီး ဓာတ်ရောင်ခြည်သင့်မှုအဆင့်ကို စစ်ဆေးတာအပြင် နျူးကလီးယား စွန့်ပစ်ရေ ညစ်ညမ်းမှုတို့ကို ထောက်လှမ်းတာတွေ ပါဝင်ပါတယ်။
ယူကရိန်း အကျပ်အတည်းကို စိုးရိမ်ပြီး ထိုင်ဝမ်မှာ ခြိမ်းခြောက်မှု မြင့်တက်လာတဲ့ ခံစားချက်ကို ခံစားခဲ့ရတဲ့ ဒေသခံတဦးကတော့ နယူးတိုင်ပေမြို့မှာလုပ်တဲ့ စစ်ရေးလေ့ကျင့်မှုကို မြင်တွေ့ရပြီးတဲ့နောက် ပိုသက်တောင့်သက်သာ ခံစားရတယ်လို့ ပြောပါတယ်။
အခုနှစ် စစ်ရေးလေ့ကျင့်မှုမှာ အဓိကကွာခြားချက်တရပ်က ယူကရိန်းစစ်ပွဲ ကာလအတွင်း ထိုင်ဝမ်မှာ ပိုကောင်းကောင်း ပြင်ဆင်ထားဖို့ ကြိုးစားရင်း ငြိမ်းချမ်းရေးကာလကနေ စစ်ပွဲကာလအထိ ပြင်းထန်မှုအဆင့်ကို အဆင့်ဆင့် သတ်မှတ်ထားဖို့ပဲလို့ စီစဉ်သူတွေက ပြောခဲ့ပါတယ်။
Source/Photo-Reuters