မန်ယူအသင်းမှာ နောက်ခံလူမက်ဂွဲယားက ပြဿနာတစ်ခုမဟုတ်ကြောင်း အင်္ဂလန်နဲ့ အာဆင်နယ်နောက်ခံလူဟောင်း မာတင်ကီယွန်က ပြောသွားပါတယ်။
မက်ဂွဲယားဟာ အာဆင်နယ်အသင်းနဲ့ ပွဲစဉ်မှာ လူစားဝင်ကစားခဲ့ပြီးနောက် ယူနိုက်တက်က အနိုင်ဂိုးနှစ်ဂိုး ပေးလိုက်ရကာ ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရတာပါ။
မန်ယူအသင်းမှာ မက်ဂွဲယားက ပြဿနာမဟုတ်ပဲ ကွင်းလယ်ပိုင်းကသာ ပြဿနာရှိနေကြောင်း မာတင်ကီယွန်က ပြောပါတယ်။
မာတင်ကီယွန်က“တကယ်တော့ သူတို့ရဲ့ ကွင်းလယ်ကသာ ဖြေရှင်းရမယ့်ကိစ္စဖြစ်ပြီး ဟယ်ရီမက်ဂွဲယားက အမှန်တကယ်ရှိနေတဲ့ ပြဿနာ မဟုတ်ပါဘူး”လို့ ပြောပါတယ်။
ယူနိုက်တက်ကွင်းလယ်မှာ ကတ်စမီရိုရဲ့ စွမ်းဆောင်ရည် ကျဆင်းလာမှုအပါအဝင်၊ ဖာနန်ဒက်စ်၊ မေဆန်မောင့်တို့ရဲ့ ကွင်းလယ်က ဖြေရှင်းရမယ့်ကိစ္စဖြစ်ပြီး အဲရစ်ဆင်၊ တွန်မီနေးနဲ့ အမ်ရာဘတ်တို့ထဲက တစ်ဦးနဲ့တွဲဖက်အသုံးပြုသွားဖို့လိုအပ်ကြောင်း မာတင့်ကီယွန်က သုံးသပ် သွားခဲ့ပါတယ်။
Photo-Reuters