အမှုရင်ဆိုင်ဆဲကာလမှာ အသင်းဆီ ပြန်မလာဖို့ အန်တိုနီကို မန်ယူအသင်းက တရားဝင် အကြောင်း ကြားစာပေးပို့ခဲ့ပါတယ်။
ဘရာဇီးတောင်ပံတိုက်စစ်မှူးဟာ ရည်းစားဟောင်းဖြစ်သူ ဂါဘရီရယ်လာကို အိမ်တွင်း အကြမ်းဖက်မှုလုပ်ဆောင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မွေးရပ်မြေ ဘရာဇီးမှာ စွဲချက်တင်ခံထား ရတာပါ။
အဲဒီအမှု ရင်ဆိုင်နေရတာကြောင့် ဘရာဇီးလက်ရွေးစင်အသင်းက ချန်လှပ်ခဲ့သလို မန်ယူ အသင်းဘက်ကလည်း တစ်စုံတစ်ရာထုတ်ပြန်ချက်မလုပ်သမျှ အသင်းဆီပြန်မလာဖို့ အန်တိုနီကို အကြောင်းကြားခဲ့တာပါ။
အဲဒီဆုံးဖြတ်ချက်ကို အသင်းအမှုဆောင်အရာရှိချုပ် ရစ်ချက်အာနိုးလ်နဲ့ နည်းပြချုပ် အဲရစ်တန်ဟတ်ဂ်တို့ အတူတကွဆွေးနွေးပြီး ဆုံးဖြတ်ချက်ခဲ့တာလို့ အသင်းဘက်က သတင်းထုတ်ပြန်ပါတယ်။
အန်တိုနီဘက်ကတော့ သူအပေါ် စွပ်စွဲချက်တွေအားလုံးကို ငြင်းဆန်ထားပြီး အိမ်တွင်းအကြမ်းဖက်မှုကို ဆန့်ကျင့်သူဖြစ်လို့ ဘယ်တော့မှ ကျူးလွန်မှာမဟုတ်ကြောင်း ဖြေရှင်း ချက်ပေးထားပါတယ်။
Photo-Reuters