Home
မြန်မာသတင်း
ဂန့်ဂေါတွင် ပျူစောထီးရွာများနှင့်ဆက်နေသည့်လမ်းကို  ကာကွယ်ရေးအဖွဲ့များ စစ်ဆေး
DVB
·
September 10, 2023
375913749_1643765029446319_7367287859188977249_n

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ ပျူစောထီးကျေးရွာတွေနဲ့ ဆက်စပ်နေတဲ့ ကလေး-ဂန့်ဂေါ လမ်းမကြီးကို ဒေသခံကာကွယ်ရေးအဖွဲ့အစည်းတွေက စစ်ဆေးနေတယ်လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။

ဂန့်ဂေါမြို့နယ်မြောက်ပိုင်းက ပျူစောထီးအားကောင်းတဲ့ ကျေးရွာတွေနဲ့ ထိစပ်နေတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတပ်တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်တာတွေကို နေ့စဉ်နီးပါးခံနေရတာဖြစ်ပါတယ်။

ပျူစောထီးကျေးရွာနဲ့ အနီးတဝိုက်ကျေးရွာတွေက ပြည်သူတွေရဲ့ အသက်အိုးအိမ်ကို ကြိုးစားကာကွယ်ရင်း နယ်မြေခံကာကွယ်ရေးအဖွဲ့အစည်းတွေက ရဲဘော်များစွာရဲ့ အသက်ကို စွန့်လွှတ်ခဲ့ရတယ်လို့ မြို့နယ်ပကဖက ဆိုပါတယ်။

ပျူစောထီးကျေးရွာတွေနဲ့ ဆက်သွယ်ထားတဲ့ ဂန့်ဂေါ-ကလေး လမ်းမကြီးတလျှောက် စစ်ဆေးရေးဂိတ် ၄ ခုနဲ့ နေ့စဉ်နီးပါးစစ်ဆေးမှုတွေ ပြုလုပ်နေကြတာဖြစ်ပါတယ်။

ဂန့်ဂေါမြို့နယ် ရပ်ကျေးပကဖနဲ့ မြို့နယ်ပကဖတို့ ပူးပေါင်းပြီး အထိုင် စစ်ဆေးရေးဂိတ်တွေနဲ့ စစ်ဆေးနေကြတာပါ။

မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတယောက်က “ပြည်သူတွေ အန္တရာယ် ကင်းကင်း သွားလာနိုင်ဖို့၊ စစ်ကောင်စီတပ်တွေ ပြည်သူတွေကို ဒုက္ခမပေးနိုင်အောင် နေ့တိုင်းစစ်ဆေးတယ်။ စစ်ကြောင်းတက်လာရင် ရှောင်တခင် စစ်ဆေးတာတွေ၊ ကင်းပုန်းဝပ်တာတွေလည်းရှိတယ်” လို့ ပြောပါတယ်။

ဂန့်ဂေါမြို့နယ်မြောက်ပိုင်းက ဟံသာဝတီ၊ ကုက္ကား၊ မြောက်ခင်ရမ်း၊ လယ်ကြီး(အရှေ့)၊ လယ်ကြီး(အနောက်)၊ ရွှေမေတ္တာ၊ ဝေဝါး စတဲ့ ကျေးရွာ ၇ ရွာဟာ ပျူစောထီးရွာတွေဖြစ်တယ်လို့လည်း မြို့နယ် ပကဖဆီက သိရပါတယ်။

မကွေးတိုင်း၊ ဂန့်ဂေါမြို့၊ အမှတ် ၁ စစ်ဒေသရဲ့ ကွပ်ကဲမှုနယ်မြေအောက်မှာရှိတဲ့ နယ်မြေခံ ကာကွယ်ရေးအဖွဲ့တွေကလွဲလို့ ဖြတ်သန်းသွားလာတာ၊ စစ်ရေးဗန်းပြပြီး ဝင်ထွက်နေထိုင်တာ၊ တပ်စွဲတာတွေ မပြုလုပ်ကြဖို့ကိုလည်း ဂန့်ဂေါမြို့နယ် ပကဖက ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024