ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ CDF မတူပီ တပ်ရင်း ၂ ထိန်းချုပ်နယ်မြေမှာ ချင်းအမျိုးသားတပ်မတော် CNA/CNF က တပ်စခန်းလာချတဲ့အပေါ် မတူပီ ဒေသတွင်း တော်လှန်ရေးအင်အားစုတွေက ဝမ်းမြောက်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
CDF မတူပီ တပ်ရင်း-၂ တည်နေရာဟာ ဟားခါး-မတူပီ လမ်းမကြီးမှာရှိပြီး စစ်ရေးအရ အရေးပါတဲ့နေရာဖြစ်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ဆိုပါတယ်။
CDF မတူပီ ဌာနချုပ် ပြန်ကြားရေးတာဝန်ခံက “ကျနော်တို့ တပ်ရင်း ၂ တည်နေရာက စစ်ရေး အချက်အချာကျတဲ့အတွက် CNF ဘက်ကို တောင်းဆိုခဲ့ကြတာပေါ့။ သူတို့ကလည်းလက်ခံပြီး တပ်စခန်းချပေးခဲ့တာပါ။ နောက်ပိုင်း စစ်ရေး၊ နယ်မြေ တိုးတက်ရေးတွေ ပူးပေါင်းလုပ်ဆောင်သွားဖို့ရှိပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
စစ်ရေးအရ အရေးပါတဲ့ အဲဒီနေရာမှာ တပ်ချပေးဖို့ ချင်းအမျိုးသားတပ်မတော် CNA/CNF ဆီကို CDF မတူပီ တပ်ရင်း-၂၊ Global Cingthiang CDF Committee နဲ့ Cingthiang ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့တို့က တောင်းခံခဲ့ကြတာဖြစ်ပါတယ်။