တချိန်မှာ အမှန်တရားပေါ်ပေါက်လာမှာဖြစ်လို့ မန်ယူအသင်းနဲ့ အနာဂတ်ကိစ္စအတွက် စိုးရိမ်စရာမရှိဘူးလို့ တောင်ပံတိုက်စစ်မှူး အန်တိုနီက ပြောပါတယ်။
ဘရာဇီးကစားသမားဟာ ရည်းစားဟောင်းဖြစ်သူကို အိမ်တွင်းအကြမ်းဖက်မှုနဲ့ အမှုစွဲဆိုခံထားရပြီး တရားရင်ဆိုင်နေရတာပါ။
အဲဒီအတွက် ဘရာဇီးလက်ရွေးစင်အသင်းကလည်း ချန်လှပ်ခဲ့ပြီး မန်ယူအသင်းကိုလည်း တစ်စုံတစ်ရာ အရေးယူဖို့ အမျိုးသမီးအခွင့်အရေးလူပ်ရှားသူတွေရဲ့ ဖိအားပေးခံနေရတာပါ။
မန်ယူအသင်းဟာ အခြေအနေ အလုံးစုံကို သိရှိပြီးသားဖြစ်ပြီး တချိန်မှာ အမှန်တရား ပေါ်ပေါက်လာမှာဖြစ်လို့ စိုးရိမ်စရာမရှိကြောင်း၊ ဘရာဇီးအသင်းကနေချန်လှပ်ခံရတာကတော့ ခက်ခဲကြောင်း အန်တိုနီကပြောပါတယ်။
အင်တိုနီက “ကျနော့်မှာအမေရှိသလို၊ ညီမလည်းရှိပါတယ်။ အမျိုးသမီးတယောက်ကို အကြမ်းဖက်ဖို့ဆိုတာ ဘယ်တော့မှ မဖြစ်နိုင်ပါဘူး။ လက်နဲ့တောင်ထိတာမဟုတ်ခဲ့ဘူးဆိုတာ ရာနှုန်းပြည့် သေချာပါတယ်။ ဒါကို သက်သေနဲ့တကွ ပြသသွားမှာဖြစ်တယ်”လို့ ဘရာဇီးတီဗီတစ်ခုနဲ့ အင်တာဗျူးမှာ ပြောပါတယ်။
အန်တိုနီဟာ ရုပ်သံအင်တာဗျူးမှာ ဖြေကြားရင်း မျက်ရည်ကျတဲ့အထိဖြစ်ခဲ့ ရတယ်လို့သိရပါတယ်။
Photo-Reuters