စစ်အုပ်ချုပ်ရေး ကြေညာပြီးတဲ့နောက် မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ လုယက် ဖောက်ထွင်းတာတွေ ပိုများလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မော့ကနင်ကျေးရွာမှာ ပြီးခဲ့တဲ့ ၂ ရက်အတွင်း ရွာက နေအိမ် ၁၁ လုံး ဖောက်ထွင်းခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဲဒီအိမ်တွေကနေ စက်ပစ္စည်တွေ၊ ရေစုပ်စက်မော်တာနဲ့ အိမ်တွင်းရှိပစ္စည်းတွေ ခိုးယူခံခဲ့ရတယ်လို့ မော့ကနင်ဒေသခံတယောက်က ပြောပါတယ်။
ပြီးတော့ ရေးမြို့ပေါ်နဲ့ နယ်ကျေးရွာဘက်တွေမှာလည်း ကားဘက်ထရီတွေ၊ ဆိုင်ကယ်တွေပါ နေ့ခင်းဘက်မှာလည်း ခိုးယူခံနေကြရပြီး လမ်းသွားလမ်းလာတွေဆီက ပိုက်ဆံအိတ်လုယက်ခံရတာမျိုးတွေလည်း ဖြစ်လာတယ်လို့ မြို့ခံတွေက ဆိုပါတယ်။
ခိုးဆိုးလုယက်တာတွေများလာပေမဲ့ စစ်အုပ်ချုပ်ရေးကြေညာထားတာကြောင့် ဒေသခံတွေအနေနဲ့ ကင်းစောင့်ဖို့အခက်အခဲဖြစ်ပါတယ်။
စစ်ကောင်စီလက်အောက်ခံ ရဲတွေကလည်း အခုလို လုယူဖောက်ထွင်း ခိုးဝှက်တာတွေကို ဖော်ထုတ်တာမျိုးမရှိဘဲ တနေ့တခြား ပိုဆိုးလာတာကြောင့် ရင်လေးစရာဖြစ်နေတယ်လို့ ဒေသခံက ပြောပါတယ်။
ရေးမြို့နယ်အတွင်းမှာ စစ်အုပ်ချုပ်ရေးကြေညာခံရပြီးနောက်မှာ ခိုးမှု၊ လုယက်မှု တွေအပြင် ပြန်ပေးဆွဲမှုတွေလည်း ခပ်စိပ်စိပ်ဖြစ်ပွားနေပါတယ်။