ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်လို့ သေဆုံးသူနဲ့ ဆေးရုံတက်ကုသရသူ ဦးရေဟာ ကမ္ဘာ့နေရာအနှံ့အပြားမှာ တိုးလာနေလို့ သတင်းအချက်အလက်တွေကို ပိုကောင်းကောင်း မျှဝေဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က နိုင်ငံတွေကို စက်တင်ဘာ ၆ ရက်က တိုက်တွန်းလိုက်ပါတယ်။
ကိုဗစ်ကြောင့် ဥရောပမှာ ဆေးရုံတက်ကုသရသူ တိုးများလာနေချိန်မှာ အရှေ့အလယ်ပိုင်းနဲ့ အာရှမှာတော့ သေဆုံးသူဦးရေ တိုးလာတယ်လို့ WHO ရဲ့ ညွှန်ကြားရေးမှူးချုပ် တေဒရို အက်ဒါနွန် ဂေဘရီယေးဆပ်က ပြောပါတယ်။
အအေးလွန်ကဲတဲ့လတွေ မြောက်ကမ္ဘာခြမ်းမှာ ရောက်လာတဲ့အတွက် ဒီလမ်းကြောင်းက စိုးရိမ်စရာပဲလို့ ကိုဗစ်-၁၉ အတွက် နည်းပညာပိုင်းဆိုင်ရာ ဦးဆောင်သူ မာရီယာဗန်ကာကိုဗာက ပြောပါတယ်။
ကိုဗစ်-၁၉ ကြောင့် ခုအခါ လူပေါင်း ရာနှင့်ချီ ဆေးရုံတက်နေရမယ်လို့ WHO က ခန့်မှန်းထားတယ်လို့လည်း ထပ်လောင်းပြောကြားခဲ့ပါတယ်။
ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေကို WHOက ကြေညာပြီးတဲ့နောက် သုံးနှစ်ကျော်ချိန် ၂၀၂၃ ခုနှစ် မေလမှာ ကိုဗစ်-၁၉ အတွက် အရေးပေါ် အခြေအနေ ကြေညာထားတာကို ရပ်ဆိုင်းခဲ့ပါတယ်။
Source/Photo - Reuters