ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ချီးမြှင့်မယ့် ဘလွန်းဒီအော ကမ္ဘာ့အကောင်းဆုံး လူငယ်ကစားသမားဆုအတွက် ဆန်ခါတင်စာရင်းမှာ ဘယ်လင်ဂမ်နဲ့ ဟွိုက်လန်းတို့ ပါဝင်လာပါတယ်။
Kopa Trophy လို့ ခေါ်ဆိုကြပြီး အသက် ၂၁ နှစ်အောက် ကစားသမားတွေထဲက အကောင်းဆုံးသူကို ရွေးချယ်ချီးမြှင့်တာ ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ ဘယ်လင်ဂမ်၊ မန်ယူတိုက်စစ်မှူး ဟွိုက်လန်း တို့နဲ့အတူ ဘာစီလိုနာက ပက်ဒရီ၊ ဂါဘီနဲ့ ဘောဒဲလ်၊ ရီးရဲလ်မက်ဒရစ်က ကာမာဗင်ဂါတို့လည်း ပါဝင်ပါတယ်။
တခြားဆန်ခါတင်စာရင်းဝင် လေးဦးကတော့ ဘိုင်ယန်မြူးနစ်က မူဆီယယ်လာ၊ လန်းစ်တိုက်စစ်မှူး ဝါဟီ၊ ဘင်ဖီကာနောက်ခံလူ အန်တိုနီယိုဆေးလ်ဗား၊ လိုက်ပ်ဇစ် တောင်ပံတိုက်စစ်မှူး ဇာဗီဆိုင်မွန်တို့ ဖြစ်ပါတယ်။
မူဆီယယ်လာနဲ့ ဘယ်လင်ဂမ်တို့ နှစ်ဦးကတော့ လူငယ်ဆုအပြင် ဘလွန်းဒီအောဆုအတွက် ဆန်ခါတင် အယောက် ၃၀ စာရင်းမှာလည်း ပါဝင်ခဲ့ပါတယ်။
Photo-Reuters