တူရကီနိုင်ငံ အနောက်မြောက်ပိုင်းမှာ ရုတ်တရက် ရေကြီးမှုကြောင့် အစ္စတန်ဘူလ်မြို့တော်က ၂ ဦး အပါအဝင် လူ ၅ ဦး သေဆုံးခဲ့ပြီး လူ ၃၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်တွေက စက်တင်ဘာ ၆ ရက်မှာ ပြောကြားလိုက်ပြီး ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကို ညတွင်းချင်း လှုံ့ဆော်ခဲ့ပါတယ်။
ဘူလ်ဂေးရီးယားနဲ့ ဂရိနယ်စပ်အနီးရှိ ကာကလာ့ရေးလိုင်ပြည်နယ်မှာ အင်္ဂါနေ့နှောင်းပိုင်းက နေအိမ်တွေ ရေနစ်မြုပ်ကုန်ပြီးနောက် လူ ၃ ဦး သေဆုံးပြီး ၃ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ပြည်တွင်းမီဒီယာတွေက ဖော်ပြပါတယ်။
၁ စတုရန်းမီတာကို မိုးရေချိန် ၁၂၅ ကီလိုဂရမ်ရှိတဲ့ မိုးရွာသွန်းမှုဟာ အစ္စတန်ဘူလ်ကို ၆ နာရီအတွင်း ရွာချခဲ့ကြောင်း အုပ်ချုပ်ရေးမှူးရုံးက ထုတ်ပြန်ခဲ့ပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အစ္စတန်ဘူလ် မြောက်ပိုင်းခရိုင်တွေက ရေကြီးရေလျှံမှုတွေမှာ မော်တော်ကား အများအပြား မျောပါသွားခဲ့ပါတယ်။
ရေကြီးမှုကြောင့် သောင်တင်နေသူ ၁၅၇ ဦးကို ဝန်ထမ်းတွေက ညတွင်းချင်း ကယ်ဆယ်နိုင်ခဲ့ကြောင်း အစ္စတန်ဘူလ် မြူနီစီပယ်က ပြောကြားခဲ့ပြီး လှေတွေကိုအသုံးပြုပြီး ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဆောင်နေကြပါတယ်။
Source/Photo-Reuters