တောင်ပံတိုက်စစ်မှူး အန်တိုနီကို သင့်တော်တဲ့ အရေးယူမှုလုပ်ဆောင်ဖို့ အမျိုးသမီး ကူညီထောက်ပံ့ရေး အဖွဲ့အစည်းတစ်ခုက မန်ချက်စတာယူနိုက်တက်အသင်းကို တိုက်တွန်းသွားပါတယ်။
ဘရာဇီးကစားသမား အန်တိုနီဟာ အကြမ်းဖက်မှုလုပ်ဆောင်ခဲ့တယ်ဆိုပြီး ရည်းစားဟောင်းဖြစ်သူ ဂါဘရီရယ်လာက ဘရာဇီးတရားရုံမှာ အမှုစွဲဆိုထားပါ။
အဲဒီအတွက် ဘရာဇီးလက်ရွေးစင်အသင်းဘက်က အန်တိုနီကို လူစာရင်းကနေ ချန်လှပ်ခဲ့ပါတယ်။
မန်ယူအသင်းအနေနဲ့လည်း အန်တိုနီအပေါ် သင့်တော်တဲ့ အရေးယူမှုတစ်ခု လုပ်ဆောင်သင့်ပြီး ကမ္ဘာကြီးက စောင့်ကြည့်နေကြောင်း အမျိုးသမီးတွေကို အကြမ်းဖက်မှုရပ်တန့် အမည်ရှိ အမျိုးသမီးအဖွဲ့အစည်းတခုက တိုက်တွန်းခဲ့တာပါ။
အဲဒီအဖွဲ့အစည်းရဲ့ ဒါရိုက်တာ အန်ဒရီဆိုင်မွန်ကလည်း မန်ယူအသင်းအပြင် ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေတွေဘက်ကပါ အန်တိုနီအပေါ် အဓိပ္ပာယ်ရှိတဲ့ အရေးယူမှုလုပ်ဆောင်ဖို့ ဆက်လက် တိုက်တွန်းသွားခဲ့ပါတယ်။
Photo - Reuters